"ဒန်နရယ်.."
ဖရက်ဒီ ပူပန်စွာ လှမ်းခေါ်လိုက်ပေမယ့် ဒန်နရယ် လှည့်မကြည့်။ ခြေတစ်လှမ်းပြည့်အောင်ပင် မလှမ်းရသေးသည့်အချိန်မှာ ဒန်နရယ့်ရှေ့မှာ ဖရက်ဒီ လမ်းပိတ်ရပ်လာသည်။
"ဒန်နရယ်.. ငါ့ကို မင်းနားမှာ တကယ်မရှိစေချင်လို့လား..."
ဒန်နရယ်မဖြေ။
ခင်ဗျားခွန်အားရှိသလောက်သာ ဦးနှောက်ကအလုပ်လုပ်ရင် နားလည်လိမ့်မယ်..
အတွေးတစ်ခုနှင့်သာ တောက်တစ်ချက်ခေါက်ကာ လမ်းကျော်ထွက်ဖို့ ကြိုးစားလိုက်သည်။ ဒါပေမယ့် ချက်ချင်းလိုလို ဖရက်ဒီ သူ့ရှေ့မှာရှိနေပြန်သည်။
"ပြောစမ်းပါ.. မင်း ငါ့ကို သွားစေချင်တာလား.."
"ဟုတ်တယ်.. သွားစေချင်တယ်.. ရပြီလား.."
ဒန်နရယ် အံကြိတ်ဖြေကာ ဖရက်ဒီ့ကိုတွန်းဖယ်လိုက်သည်။ သူမှတ်မိနေပြီဖြစ်သည့် ကျောက်ဆောင်တစ်ခုကို တွန်းတိုက်ရသလို အသိက သူ့လက်ကောက်ဝတ်များကို ကျင်တက်သွားစေသည်။
"ဘာလို့လဲ.. မင်းငါ့ကိုစိတ်ဆိုးနေတာ မနေ့ညက ငါ..."
ဒန်နရယ့်ခေါင်းမှ ဆံပင်များ မတ်မတ်ထောင်သွားသလို ခံစားလိုက်ရသည်။
"တော်တော့ ဖရက်.. ဒီအကြောင်းက ဆက်ပြောစရာမလိုဘူး.."
"မင်းစိတ်ဆိုးနေတာ အဲဒီ့ကိစ္စကြောင့်လား.."
ဒန်နရယ် ခံရခက်စွာအံကြိတ်မိသည်။ ဖရက်ဒီ ဒီလောက်တုံးအလိမ့်မည်ဟု သူမထင်ထားခဲ့။ သူသာသဘောမတူခဲ့ပါလျှင် ဖရက်ဒီ၏ အနမ်းများကို တုံ့ပြန်ခဲ့မည်မဟုတ်။ သူ့ဆန္ဒမပါဘဲ အခြားတစ်စိမ်းတစ်ယောက်ကို အခုအချိန်အထိ ဆံပင်တစ်ချည်ပင် ထိကိုင်ခွင့်မပေးခဲ့ဖူးပါ။
ဖရက်ဒီနှင့် ခွန်အားမတူပေမယ့် ဒန်နရယ်သာဆန့်ကျင်လိုသည့် စိတ်ရှိခဲ့မည်ဆိုလျှင် ဖရက်ဒီ့ရင်ခွင်ထဲမှာ တစ်ညတာ ဖြတ်သန်းခဲ့မည့်အစား အသက်ကိုသာ အသေခံလိုက်မည်ဖြစ်သည်။
"ဒန်နရယ်.. ငါမေးနေတယ်လေ..."
ဒန်နရယ် နောက်တစ်ကြိမ် နှုတ်ဆိတ်နေမိသည်။ မဟုတ်ဘူးဟူ၍ငြင်းရန်မှာ သူ့မာနကကြားခံနေပြီး ဟုတ်သည်ဟုလည်း မမှန်ကန်သည့်လိမ်ညာမှုကြီးမျိုး သူ မပြောချင်။
YOU ARE READING
Black Angel
Fantasy(Unicode & Zawgyi) - - - မင်းတို့လူသားတွေမှာ နှလုံးသားမရှိဘူး ဒန်နရယ် - - - Cover Design - Leo Bee