Ch-1

21.9K 458 4
                                    

Unicode

(zawgyi below)

Jaehyun's POV

"Ya ya ya ya ya Jaehyunnnn!!!"

လည်ချောင်းအတွင်းအာသီးထိပ်မှထွက်လာတဲ့အသံက ကျနော်နားထဲကိုစူးစူးရှရှဝင်လာတယ်။ သိလိုက်ပါရဲ့ဒါဟာ Taeil အသံဆိုတာ

laptop ဖမ်သာူပြင်ကိုကြည့်ရင်းစာရိုက်နေရင်းနဲ့ ကျနော်အသံလာရာဘက်ကိုခေါင်းကုတ်ကာကြည့်လိုက်တယ်။ သေချာတာပေါ့ ပြုးတူးပြဲသဲနဲ့ Taeil ကိုတွေ့လိုက်ရလေရဲ့။

"ဘာလဲကွာာ??"

ဘေးနားမှာရှိတဲ့ဘောလ်ပင်ကို သူ့ဘက်ကိုကျနော်ပစ်ပေါက်လိုက်တယ်။

အသံကသာစူးတာ မျက်စိကတော့လျင်သား

ကျနော်ပေါက်လိုက်တဲ့ဘော်ပင်ကိုသူ့အမွှေးတောင်မထိစေရအောင်ရှောင်လိုက်နိုင်တယ်။ ခြေသလုံးမွှေးကိုပြောတာပါ ..

အရှိန်နဲ့ကျနော့်နားကိုတိုးဝင်လာတော့ ကျနော့် laptop ဘေးက A4 စာရွက်အထပ်လိုက်ကတစချင်းအခန်းမျက်နှာကျက်ပေါ်အထိပျံတက်ကုန်တယ်။ ပျံတာမှလိုက်ဖမ်းလို့တောင်မရ။ ငှက်ဖမ်းရင်တောင်ငှက်မွှေးတစ်စတော့ရဦးမယ်။

မျက်နှာကြည့်တော့လည်းဟာသ ၊ အမူအရာ အနေအထိုင်တွေကျတော့လည်း ရောက်ယက်ခတ်။ အဲ့လူဟာကျနော့်နဲ့အခန်းအတူနေတဲ့သူ Moon Taeil ပါ..

"ဟာာ တောက်!!! စီထားတဲ့စာရွက်တွေလွင့်ကုန်ပြီ မသာရဲ့။ ဘယ်လိုတွေဖြစ်နေတာလဲ? တယောက်တည်းကိုပြာယာခတ်နေတာပဲ"

"ငါ ငါ့ကို..."

"ဘာဖြစ်ပြန်ပြီလဲ ဘာလုပ်ပေးရမလဲ"

"အိုက်စ် အဲ့လိုအလိုက်သိနေတာတွေကိုကြိုက်တာ"

"မြန်မြန်ပြောစမ်းပါ ငါအလုပ်လုပ်နေတယ် လာမရှုပ်နဲ့"

"ငါ့ကိုဖုန်း bill လေးချေးပါလို့ ဟီး"

သူ့စကားကိုကြားလိုက်တော့ကျနော်ပြတင်းပေါက်နားကတိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်တယ်။

၁၁ နာရီ

အချိန်ကိုသိလိုက်ရတော့ကျနော်သူ့ကိုမျက်စောင်းထိုးကြည့်လိုက်တယ်။ ဒီလိုအချိန်ဆိုသူက သူ့ရည်းစားနဲ့ဖုန်းပြောတတ်လို့ ဒါကတစ်ညလည်းမဟုတ် နှစ်ညလည်းမဟုတ်။ ကျနော်တို့ညအိပ်ရာဝင်ခါနီးတိုင်းသေးပေါက်ကြသလိုပဲ။ မဖြစ်မနေလုပ်ရတဲ့အစဉ်အလာတစ်ခုသူ့အတွက်ဖြစ်နေပြန်ရော!

အချစ်အစပျိုးခဲ့ရာWhere stories live. Discover now