Ch-2

4.7K 277 0
                                    

Unicode

(zawgyi below)

Taeyong's POV

" popppp!!"

ကျနော်အိပ်ရာထဲမှာစောင်ခေါင်းမြီးခြုံပြီးလှဲနေတုန်းကျနော်အိပ်ရာဘေးမှာချထားတဲ့ဖုန်းကနေ sms noti ဝင်တဲ့အသံလေးဝင်လာတယ်!

ပစ္စည်းပစ္စရာသိပ်မရှိတဲ့အခန်းဖြစ်လို့ sms အသံကတောင်ပဲ့တင်သံအနေနဲ့ဟိန်းနေတယ်။

ကျနော့်အခန်းက အရမ်းမကျဉ်း အရမ်းမကျယ်တဲ့အနေတော်အခန်းလေး။

အဝတ်ထည့်ဗီရိုတစ်လုံးရယ် ၊ကုတင်ရယ် ၊ စာကြည့်စားပွဲရယ်

ဒီသုံးမျိုးကလွဲရင်ဘာမှမရှိ။

တခြားယောကျ်ားလေးတွေလို အခန်းထဲကွန်ပျူတာထည့်မထားသလို TV လည်းထည့်မထားဘူး။ ဘာလို့လည်းဆိုတော့ကျနော်ကြောက်ရတဲ့အရာတွေမို့လို့။

noti ဝင်လာတဲ့ sms ကိုကျနော်ကြည့်လိုက်တော့ ကျနော်မသိတဲ့ဖုန်းနံပါတ်တစ်ခုကနေကျနော့်ဆီဖုန်း bill လွှဲလိုက်တာ

လွှဲလိုက်တဲ့ငွေပမာဏကလည်း တစ်သောင်း။

ကျနော်ခေါင်းကိုသွင်သွင်ခါလိုက်တယ်။

ဘာမှန်းမသိတဲ့ခံစားချက်ကကျနော့်ကိုယ်ထဲစီးဝင်လာတယ်!

ကျနော်ဖုန်းကိုကိုင်ထားတဲ့အချိန်မှာ အဲ့ဒီဖုန်းကပဲကျနော့်ကိုဖုန်းဆက်လာတယ်!

ဟင့်အင်း

မကိုင်ဘူး

အဲ့ဖုန်းကိုမကိုင်ရဲဘူး

ကျနော်ဖုန်းမျက်နှာပြင်ပေါ်မှာပေါ်နေတဲ့အဲ့ဖုန်းနံပါတ်စိမ်းတစ်ခုကိုကျနော်တစိမ့်စိမ့်ကြည့်နေရင်းနဲ့ကျနော်ကြက်သီးတွေထလာတယ်။ အဆက်မပြတ်မြည်နေတဲ့ဖုန်းကိုကျနော်အဝေးကိုပစ်လိုက်တယ်။

ကျနော့်ကိုလူတစ်ယောက်ကဆက်သွယ်နေပြီ

ကျနော့်ကိုလူတစ်ယောက်လာပတ်သက်နေပြီ

ဟင့်အင်း

ကြောက်တယ်

ဘယ်သူ့ကိုမဆို....

တစ်ဖက်လူကလည်းကျနော်ဖုန်းမကိုင်မချင်းအလျှော့ပေးမယ့်ပုံမပေါ်ဘူး။ ဖုန်း ringtone ကအဆက်မပြတ်ကျနော့်အခန်းထဲမှာကျယ်လောင်စွာမြည်နေတုန်း။

အချစ်အစပျိုးခဲ့ရာWhere stories live. Discover now