Ch-14

2K 144 1
                                    

Unicode

(zawgyi below)

Jaehyun's POV

"nae nae. အမဲသား ၅၀ ကျပ်သားနော် တစ်နာရီအတွင်းပို့ပေးပါ"

ရေခဲသေတ္တာထဲမှာလည်းရှင်းလင်းနေပြီ

ချက်ဖို့လည်းဘာမှမရှိတော့ဘူး

ပြုတ်ဖို့ဆိုရင်တော့ ရေ ပဲရှိတယ်

HaeChan မရှိတဲ့ ၃ ရက်မှာကျွန်တော်တို့ ၂ ယောက်တော်တော်မွဲတေလာတာပဲ အားရစရာကြီး

မနေ့ကတောင်ပဲပြားလေး ၂ တုံးပဲရှိလို့ ဟိုကြောင်ပေါက်လိုလိုဘာလိုလို အကောင်ငယ်လေးကို ပဲငံပြာရည်ချိုချိုလေးနဲ့ပဲပြားကိုချက်ပြီးကျွေးလိုက်ရတာ

ဒီနေ့တော့ပဲပြားမပြောနဲ့ ဘာအပြားမှကိုမရှိတော့ဘူး

ရေခဲသေတ္တာထဲက တစ်ခုတည်းရှိတဲ့ကျွတ်ကျွတ်အိတ်ကိုဖယ်ထုတ်လိုက်ပြီး အမဲသားမှာလိုက်ရတဲ့အထိပဲ။

kitten လေးကိုအိမ်မှာတစ်ယောက်တည်းထားခဲ့ပြီးဈေးထွက်လို့မရတော့ မှာနေကျဦးလေးကြီးဆီက အမဲသား ၅၀ ကျပ်သားသာ အိမ်လာပို့ခိုင်းလိုက်ရတယ်

ဒီနေ့မှ ကျွန်တော် Taeyong ကို ကြောင်ပေါက်စလေး Kitty လို့ခေါ်ခေါ်နေမိသလိုပဲ

ahh ကျွန်တော်ကိုယ့်ဘာသာဒီအချက်ကိုစဉ်းစားမိလိုက်တော့ ကိုယ့်ဘာသာစိတ်ပျက်ပြီးသက်ပြင်းချက်လိုက်မိတယ် ကိုယ်တိုင်တာဝန်ယူပြီးပြုစုရမယ့်လူနာကို ဒီလိုစိတ်ထားနေမိတာက ကျွန်တော်နည်းနည်းတော့လွန်နေပြီထင်တာပဲ

ညက

ကျွန်တော်သူ့ကိုချော့ရင်း အိပ်ပျော်သွားတယ်

အိပ်ပျော်သွားတဲ့အချိန် သူ့ကိုစွဲပြီးအိပ်မက်ကမက်ပြန်တယ်

အိပ်မက်ထဲမှာ..

မိုးတွေအရမ်းသည်းနေတယ် မိုးသည်းနေတဲ့ကြားထဲကကျွန်တော်ကအပြင်သွားဖို့ပြင်ဆင်နေတယ် တံခါးဖွင့်လိုက်ချိန်မှာ အိမ်ရှေ့မှာတွေ့လိုက်ရတာက ကြောင်ပေါက်စလေးတစ်ကောင် ။ မိုးရေတွေရွှဲနစ်ပြီး အမွှေးလေးတွေတောင်မထောင်နိုင်တော့တဲ့အနေအထားနဲ့ ။

အချစ်အစပျိုးခဲ့ရာWhere stories live. Discover now