Ch -8

3K 235 14
                                    

Unicode

(zawgyi below)

Jaehyun's POV

Taeil ပြန်သွားတော့မှရင်ထဲမှာအလုံးတစ်လုံးကျသွားတယ် ဒီလိုသာအမြဲလာစားနေရင်တော့ကျနော်လည်းတစ်နေ့မဟုတ်တစ်နေ့ပြဿနာတွေတက်တော့မှာ နှင်ထုတ်ချင်ပေမယ့်လည်းအမြဲတမ်းနေနေတဲ့သံယောဇဉ်ကြောင့်သည်းခံနေရတယ်

သောက်ပြီးသား Cola ဗူးကိုအမှိုက်ပုံးထဲလွှင့်ပစ်လိုက်တယ် Taeil စားပြီးတဲ့ပန်းကန်ကိုကျနော်ဆေးကြောလိုက်တယ်

ချမ်းလွန်းတဲ့ရာသီမှာပူလွန်းလို့ ဘေးနားကယပ်တောင်ယူပြီးယပ်ခတ်နေလိုက်တယ်

"ပူလိုက်တာ"

ချွေးလည်းမကျဘဲပူနေတော့နေရထိုင်ရတာတစ်မျိုးကြီးဖြစ်ပြီးနေရခက်နေတယ်

အတွင်းအသားတွေထဲကကိုပူနေတာ။ ခန္ဓာကိုယ်ထဲကို ပူရှိန်းတွေထည့်ထားသလားအောက်မေ့ရအောင်ကိုရှိန်းတိန်းရှိန်းတိန်းနဲ့ပူနေတာ လုပ်ထားတဲ့ bibimbamp ကို Taeyong ဆီယူသွားဖ်ု့အတော်လေးအားယူနေရတယ်

နာရီကြည့်လိုက်မိတော့ ၈ခွဲနေပြီမို့လို့ ညအရမ်းမိုးချုပ်ရင်အစာမဝင်တော့မှာကိုတွေးမိပြီး ကျနော်နေရခက်နေတဲ့ကြားက Taeyong ရဲ့အခန်းထဲဆီဝင်သွားလိုက်တယ်

"Taeyongie ညစာစားရအောင်"

အခန်းထဲဝင်သွားလိုက်တော့ခွေခွေလေးလှဲနေတဲ့ကလေးကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်

ကျနော့်အသံကြောင့် လှဲနေရာကနေထလာပြီးထုံးစံအတိုင်း အားကုန်ကွေးပြီးအိပ်ရာပေါ်ထိုင်နေတယ်

"စားကြရအောင်"

သူ့ရဲ့မျက်ရည်စတို့နဲ့လက်နေတဲ့ မျက်ဝန်းအိမ်တို့မတည်ငြိမ်စွာကြည့်လာတဲ့သူ့အကြည့်လေး

လက်ထဲကစောင်ကိုတင်းကြပ်နေအောင်စုပ်ကိုင်ထားတဲ့ ပတ်တီးအဖြူရောင်စီးထားတဲ့သူ့လက်ကလေးတွေ

ပူလိုက်တာာာ သေတော့မယ်

လူကတစ်ခုခုကိုငတ်မွတ်လာသလိုခံစားရတယ်

ကျနော်တံတွေးကိုလည်မျိုအောက်ခြေထိရောက်အောင်မျိုချလိုက်တယ် လည်မျိုတစ်လျှောက်စီးသွားတဲ့ခပ်ပူပူအရည်တို့ကကျနော့်ကိုပိုပူစေတယ်

အချစ်အစပျိုးခဲ့ရာWhere stories live. Discover now