အခ်စ္အစပ်ိဳးခဲ့ရာ Ch-16

2.2K 171 6
                                    

Unicode

(zawgyi below)

Taeyong's POV

မနက်ကတည်းက ကျွန်တော်သူ့နားမှာကပ်နေလို့ Jaehyun ကမနေတတ်သလိုဖြစ်နေပြီလား

ညရောက်တဲ့အထိ သူ့ဘေးမှာကပ်နေလို့ သူစိတ်ရှုပ်နေပြီလား ကျွန်တော်စိုးရိမ်စွာနဲ့အမျိုးမျိုးတွေးမိလိူက်တယ်

ကျွန်တော်ကြောက်လို့

လူတစ်ယောက်ယောက်လာခဲ့ရင် ကျွန်တော်ကြောက်လို့

မနက်ကလာတဲ့လူကဘယ်သူမှန်းမသိပေမယ့် အဲ့ဒါကိုတွေးတွေးပြီးကြောက်နေတုန်း

ကျွန်တော်တစ်ယောက်တည်းရှိနေတဲ့အချိန် တစ်ယောက်ယောက်လာခဲ့ရင် ဘယ်လိုလုပ်မလဲ

အခုအချိန်မှာအားကိုးအားထားဆိုလို့ Jaehyun ပဲရှိတယ်။ Jaehyun ကိုအရင်ကကြောက်ပေမယ့် အခုအချ်န်မှာ တစ်ယောက်ယောက်လာခဲ့ရင် ဝင်ပုန်းစရာဆိုလို့ သူ့ရင်ခွင်ပဲရှိတယ်

မနက်ကလို သူ့ကိုကျွန်တော့်အတင်းဖက်ထားလျက်နဲ့ ထွက်သွားမှာကိုလည်းတွေးပူပြီးကြောက်နေရတယ်

သူကျွန်တော့်ကိုမကာကွယ်ဘဲ ကျွန်တော့်ကိုထားခဲ့မှာကြောက်လို့

သူကျွန်တော့်နားကထွက်သွားမှာကြောက်လို့

သူ့ကိုတစ်ချိန်လုံးကပ်နေခဲ့တာ

သူနေရထိုင်ရကျဉ်းကြပ်မှာပဲ

အရင်တုန်းက ကျွန်တော့်အတွက်လုပ်စရာရှိတာလုပ်ပေးပြီးရင် ဂိမ်းဆော့နေတတ်တာ ဒါမှမဟုတ်လည်း သူ့သူငယ်ချင်းနဲ့ စကားပြောနေတတ်တာ TV ကိုတောင်ကျွန်တော်ရှိလို့ အသံပိတ်ပြီးကြည့်တတ်တာ

အခုတော့ ကျွန်တော်ကသူ့ဘေးမှာတစ်ချိန်လုံးကပ်နေတော့သူလုပ်ချင်တာမလုပ်ရဘူးဖြစ်နေမှာပေါ့

သူကျွန်တော့်ကိုစိတ်ကုန်နေလောက်ပြီထင်တယ်

ကယ်တင်ရှင်ကစိတ်ကုန်ပြီး နောက်တစ်ခါကျွန်တော့်ကိုမကယ်တော့ရင်ဒုက္ခပဲ

အခုချိန်မှာ HaeChan ကလည်းရှိတာမဟုတ်ဘူး

ကျွန်တော်မှာ သူ ပဲရှိတာ

အချစ်အစပျိုးခဲ့ရာWhere stories live. Discover now