Ch-5

3K 226 3
                                    

Unicode

(zawgyi below)

Jaehyun's POV

"ခဏ"

ကျနော့်ရဲ့စောင့်ဆိုင်းစကားကြောင့် Hae Chan ကကျနော့်ကိုနောက်ပြန်လှည့်ကြည့်လာတယ်

"Hae Chan အကိုနာမည်က..?"

ကျနော်မေးလိုက်ပြီးမှကိုယ့်ဘာသာကိုယ်ရှက်မိတယ်။ အမှန်ဆိုနာမည်အထိသိချင်ပြီးလိုက်မေးနေဖို့မှမလိုပဲ

"Lee Taeyong"

***********

"ဟေ့ကောင် ပြန်လာပြီလား နေ့လည်ကတည်းကထွက်သွားတာ ည၇နာရီမှပြန်ရောက်လာရလား ဒီတစ်သောင်းနေလးနဲ့"

"အင်း"

အိပ်ရာပေါ်မှာခေါင်းအုံး၂လုံးဆင့်ပြီးအေးဆေးလှဲနေရင်းနဲ့ လက်ထဲကစာအုပ်ကိုကြည့်နေတာမပြတ်ဘဲပြောလာတဲ့ကျနော့်အခန်းဖော် Taeil

"အင်း"

"ငါဒီနေ့စာအုပ်ဈေးသွားရင်းနဲ့ဒီဟာသစာအုပ်ဝယ်လာတယ် မင်းလည်းပိုရေးတတ်လာအောင်လို့ မင်းစာရိုက်မှာမလား ငါသစ်သီးတွေလှီးပေးထားတယ် အာလူးကြော်လည်းချပေးထားတယ်"

"ငါဒီနေ့ပင်ပန်းနေလို့အိပ်တော့မယ်"

"ဟမ်???"

ကျနော့်စကားကြားလိုက်တော့ စာအုပ်ဖတ်နေရာကကျနော့်ကိုပြူးတူးပြဲတဲခေါင်းထောင်ကြည့်လာတယ်

"Ya မင်းဘာဖြစ်လာတာ? မျက်နှာလည်းမကောင်းပါလား"

"ဘာမှမဖြစ်ပါဘူး"

"တခုခုဖြစ်လာပါတယ် ဘာလဲ ပိုက်ဆံရမလာလို့လား"

"အဲ့ပိုက်ဆံလေးကဘာမှမဟူတ်တော့ပါဘူးကွာ"

"ဘာာာ!!! ဘယ်တုန်းကအသိတရားရသွားတာ? မနေ့ညကတောင် ဒီတစ်သောင်းကြီးဖြစ်နေတဲ့သူကချက်ချင်းကြီးဘယ်လိုပြောင်းလဲသွားရတာလဲ?"

"တိုးတိုးနေကွာ ငါအိပ်တော့မယ်"

အမှန်တော့ပေးလာတဲ့တစ်သောင်းကို ဘယ်သူ့တိုက်တွန်းမှုမှမပါဘဲကိုယ်တိုင်ပြန်ပေးလိုက်တယ်ဆိုတဲ့အဖြစ် Taeil ကိုမပြောပြလိုက်နိုင်။

သူ့ရှေ့မှာတင်အသည်းအသန်ဖြစ်ပြီးမှအခုမှကျနော်ကိုာ်တိုင်ကပြန်ပေးလိုက်တယ်ဆိုတာကိုတော့ထုတ်မပြောချင်တော့။

အချစ်အစပျိုးခဲ့ရာWhere stories live. Discover now