Unicode
(zawgyi below)
Taeyong's POV
လူတွေနဲ့ထိတွေ့ဆက်ဆံလို့ရသမျှအရာတွေအားလုံးကိုကျွန်တော်မုန်းတယ် ကြောက်တယ်
social media တွေနဲ့ ဖုန်းတွေ ကျွန်တော်သိပ်မုန်းပြီးသိပ်ကြောက်တဲ့အရာတွေ
အိမ်မှာတစ်ယောက်တည်းနေရတာမို့ အပျင်းပြေဖို့ပဲဖြစ်ဖြစ် အကြောက်ပြေဖို့ပဲဖြစ်ဖြစ် game လေးဆော့ရအောင်ဆိူပြီး HaeChan ကကျွန်တော့်အတွက်ထားခဲ့တတ်တဲ့ဖုန်းလေးက bill မကုန်ဘဲရှိနေတတ်တယ်
အခုတော့ဒီဖုန်းကိုကျွန်တော်အသုံးပြုရမယ်တဲ့လား
သွေးတွေပေနေတဲ့လက်နဲ့ပဲ ကျွန်တော်ဖုန်းကိုလှမ်းယူလိုက်တယ်
ကျွန်တော်ဖုန်းကိုဖွင့်လိုက်ပြီးမှ ရုတ်တရက်ပြန်ပိတ်လိုက်တယ် ဟင့်အင်းမဖြစ်သေးပါဘူး ကျွန်တော်သူ့ကိုမဆက်သွယ်နိုင်ဘူး ဒါကသိပ်ကြောက်ဖို့ကောင်းတယ် ကြောက်ဖို့ကောင်းလို့တစ်သက်လုံးရှောင်ကြဉ်ခဲ့တဲ့ဖုန်းကိုမှ ကျွန်တော်က အခုတော့ဆက်သွယ်ဖို့ကောက်ကိုင်လိုက်မိတယ်တဲ့လား
ကျွန်တော်ဖုန်းဆက်ဖို့လောက်ထိအဆင်သင့်မဖြစ်သေးဘူး ပြီးတော့ ကျွန်တော့်ရဲ့အကြောက်တရားတွေကချက်ချင်းသတ္တိရှိလာဖို့လည်းမဖြစ်နိုင်သေးဘူး
ကျွန်တော်ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်းနဲ့ပဲ ပြတင်းပေါက်ဆီကိုပြန်သွားလိုက်တယ် ဒီကနေသူ့ကိုစောင့်ရင်စောင့်နေမယ်လေ သူအိမ်တံခါးဖွင့်ပြီးဝင်လာမှသူပြန်လာတာကိုတွေ့ရဖို့ထက် ပြတင်းပေါက်ကနေသူ့ကိုလှမ်းမြင်ရတာက ပိုပြီးအချိန်စောတယ်လေ မဟုတ်လား
ငေးကြည့်နေပေမယ့် အခြားတွေသူသာဖြတ်လျှောက်သွားကြတယ် သူဆိုတာကျွန်တော်မတွေ့ရဘူး
ဝေဝါးလာတဲ့ကျွန်တော့အမြင်အာရုံကြောင့်ကျွန်တော်မျက်လုံးကိုမှိတ်လိုက်ပြီး ထိုင်ချလိုက်မိတယ် ဒီအခြေအနေတိုင်းသာဆို သူမဟုတ်တဲ့လူတွေကိုတွေ့ပြီးကျွန်တော်ကြောက်လန့်နေတာပဲအဖတ်တင်လိမ့်မယ်
ကျွန်တော်သူပြန်လာဖို့အတွက်နဲ့ပေါက်ကရတွေလျှောက်စမ်းနေမိတယ် သူ့ဆီဖုန်းဆက်ဖို့အပါအဝင်ပေါ့ လက်ထဲမှာတင်းနေအောင်ကိုင်ထားတဲ့ဖုန်းကိုကျွန်တော်နောက်တစ်ကြိမ်ဖွင့်လိုက်တယ်ဒီတစ်ခါတော့ကျွန်တော် ပြန်မပိတ်လိုက်တော့ဘဲ ကိုယ့်ရဲ့ကြောက်စိတ်တွေကိုထိန်းကာ contact ထဲကိုဝင်လိုက်တယ် contact list မှာ HaeChan တောင်မရှိဘဲနဲ့ Jaehyun ဆိုတဲ့နာမည်သာရှိနေခဲ့တယ်
YOU ARE READING
အချစ်အစပျိုးခဲ့ရာ
FanfictionThis fic is written both in Unicode and Zawgyi... Jaeyong Fanfic (Myanmar) Cover by sis Zin Thu Lin Htet