Ch-15

2K 164 3
                                    

Unicode

(zawgyi below)

Jaehyun's POV

"ဝမ် ၁၂၀၀၀ ကျပါတယ်"

ကျွန်တော်အမဲသားကိုအမြန်ယူကာ တံခါးကိုဆွဲပိတ်လိုက်တယ်

အမဲသားရလာပေမယ့် အရင်ကလို ဒီအမဲသားကိုဘယ်လိုဟင်းဖြစ်အောင်ချက်ရမလဲဆိုပြီးကျွန်တော်မတွေးနိုင်တော့ဘူး စားပွဲပေါ်ကိုအမဲသားထုပ်ပစ်တင်ပြီး အိပ်ခန်းထဲအမြန်ဝင်သွားလိုက်တယ်

ထင်တဲ့အတိုင်း Taeyong ကတော်တော်ကိုအခြေအနေဆိုးနေပြီ

စောင်ကိုတင်းကျပ်နေအောင်ပတ်ထားပြီး ရှိုက်ကြီးတငင်ငိုနေတာမျက်နှာတစ်ခုနီရဲနေတာပဲ

ကျွန်တော်အခန်းထဲဝင်လာတော့ သူကကျွန်တော့်ကိုမျှော်လင့်ချက်ကြီးစွာနဲ့ လက်တစ်ဖက်တန်းကာ ကျွန်တော့်ကိုထိတွေဖို့ကြိုးစားတယ်

ကျွန်တော်သူ့လက်ကိုအမြန်ကိုင်လိုက်ပြီး ကြည့်လိုက်တော့ ဆေးစည်းပေးထားတဲ့ပတ်တီးတွေကအကောင်းအတိုင်းရှိနေလို့ကျွန်တော်စိတ်သက်သာရာရသွားတယ်

သူလက်ဖမိုးတွေကိုအရမ်းမကုတ်ထားဘူး

ကုတင်ဘေးမှာဒူးထောက်ထိုင်ချလိုက်တဲ့ကျွန်တော့်ကို သူ့မျက်ရည်လည်ရွှဲစွာကြည့်လိုက်ပြီးနောက် ကျွန်တော့်ရင်ဘတ်ကို ပတ်တီးစည်းထားတဲ့သူ့လက်တွေနဲ့ထိတွေ့လာတယ်။ ပြီးတော့ စောင်ထဲကနေအတင်းရုန်းထွက်ပြီး ကုတင်ပေါ်ကဆင်းကာ ကျွန်တော့်လည်ပင်းကိုသိုင်းဖက်လာတယ်

ကျွန်တော်လည်းသူ့ကိုပြန်ပွေ့ဖက်လိုက်ပြီးသူ့ကျောပြင်တွေပေါ်မှာ ကျွန်တော်နွေးထွေးမှုပေးတဲ့အနေနဲ့အကြိမ်ကြိမ်ပွတ်သပ်ပေးနေမိတယ်

ကျွန်တော်ဖက်ထားတဲ့သူ့ကိုယ်လုံးလေးက တသိမ့်သိမ့်နဲ့တုန်နေတယ်

"ဘာလို့ထားခဲ့တာလဲ...."

"ထားခဲ့တာမဟုတ်ပါဘူး ချက်ချင်းပြန်လာတာပဲလေ"

ကျွန်တော်ကသူ့ကိုပွေ့ချီထားရင်း သူကကျွန်တော့်ပခုံးပေါ်မှာမျက်နှာအပ်ရင်းငိုနေတာဖြစ်လို့ ကျွန်တော့်ပခုံးနဲ့ လည်ပင်းဘေးဘက်မှာ သူ့မျက်ရည်တွေနဲ့သွားရည်အချ်ု့ပေကျံကုန်တယ်

အချစ်အစပျိုးခဲ့ရာWhere stories live. Discover now