Unicode
(zawgyi below)
HaeChan's POV
"ဟေ့ကောင် ငါ့ကိုဖုန်းတစ် call လောက်ပေးဆက်စမ်းကွာ"
camp ထဲမှာအောင်းရင်းဘေးနားကသူငယ်ချင်းတစ်ယောက်စီကနေကျွန်တော်ဖုန်းငှားလိုက်တယ်
"မင်းမှာလည်းဖုန်းရှိနေတာပဲလေ"
"ဖုန်းရှိပေမယ့် မင်းမေကြီးတော် bill မှမရှိတာလေကွာ"
"ရော့ ရော့ မြန်မြန်ပြောနော် ငါ game ကစားရဦးမှာ အများကြီးကုန်လို့မဖြစ်ဘူး"
"အေး ညကလည်းမင်းနဲ့အတူ game ကစားတာလွန်သွားလို့ အခုလိုဖုန်းဆက်လို့မရတဲ့ဘဝရောက်ရတာ"
သူလှမ်းပေးလာတဲ့ဖုန်းကိုကျွန်တော်အမြင်ကတ်ကတ်နဲ့ဆွဲလုပြီး Hyung ကိုပေးထားတဲ့ဖုန်းလေးဆီဆက်လိုက်တယ် hyung ကတော်ရုံဆိုဖုန်းကိုင်တာမဟုတ် ။ သူ့ဆီလည်းဖုန်းဆက်လို့ရတာမဟုတ်။ လိုလိုပိုကဒပိုဆက်လို့ရအောင်ဆိုပြီး hyung ရဲ့ဖုန်းကိုဟိုသေနာဆီအပ်ခဲ့တာဆိုတော့ သူတော့ကိုင်မှာပါ
ကျွန်တော်မရှိတဲ့အတောအတွင်းအိမ်မှာသူတို့ ၂ ယောက်ဘယ်လိုတွေနေနေကြသလဲ hyung ရောဘယ်လိုဖြစ်နေပြီလဲမသိဘူး အဆင်ရောပြေပါ့မလား လေ့လာရေးခရီးထွက်ရင်းဒါကိုပဲစိတ်ကရောက်နေတော့ မှတ်ရမယ့်ဟာတွေတောင် လုံးစေ့ပတ်စေ့မှတ်မလာရဘူး
ကျွန်တော်မရှိတုန်း အိမ်ကိုဇောက်ထိုးလုပ်ထားလည်းကျေနပ်ပါတယ် တကယ်ပါ
ဒါပေမယ့် hyung ကတော့ဇောက်ထိုးဖြစ်နေလို့မရဘူး hyung အကြောင်းကျွန်တော်ကအသိဆုံး သူ့စိတ်အခြေအနေကဘယ်လိုရှိတယ်ကအစ သူကဘယ်လိုအရာတွေကိုချစ်ပြီးတွယ်တာတတ်တယ်ကအဆုံးပေါ့
အခုမှဝင်လာပြီး ဘုမသိဘမသိနဲ့ hyung ကိုအင်မတန်မှသနားပြီး သူပဲဝေယာဝစ္စအစအဆုံးကိုအနစ်နာခံပြီးလုပ်ပေးမယ့်သူနဲ့တော့ကွာတာပေါ့ သူကအကုန်လုပ်ပေးပေမယ့်သူလုပ်ပေးတာတွေကို Hyung ကမကြိုက်ရင်ဘယ့်နှယ့်လုပ်မလဲ အဲ့ဒါကိုများသူ့ကိုယ်သူ hyung အကြောင်းကိုအသိဆုံး အတတ်ဆုံးဆိုပြီး မဏ္ဍိုင်တက်ပြချင်သေးတာ
ဒါ့ကြောင့်လည်းကျွန်တော်နဲ့အကြောမတည့်တာ
"Yeobeoseyo"
YOU ARE READING
အချစ်အစပျိုးခဲ့ရာ
FanfictionThis fic is written both in Unicode and Zawgyi... Jaeyong Fanfic (Myanmar) Cover by sis Zin Thu Lin Htet