Ch-20

1.9K 156 6
                                    

Unicode

(zawgyi below)

Jaehyun's POV

မနက်စာမစားရသေးသောကျွန်တော့်မှာမူ ဆေးရုံအောက်ထပ်ကဆိုင်လေးမှာ ခေါက်ဆွဲဘူးကိုရေနွေးနဲ့ပြုတ်ပြီး Taeyong ရဲ့လူနာကုတင်ဘေးမှာအငမ်းမရစားနေရတယ်။

အရေးပေါ်ခန်းမို့ ကျန်တဲ့လူနာတွေနဲ့ရောနှောပြီးနေနေရသလို ကျွန်တော်ခေါက်ဆွဲပြုတ်ကိုခေါင်းမဖော်တမ်းစားနေတာကိုလည်း ကျန်တဲ့လူနာစောင့်တွေက ဟိုလိုလို ဒီလိုလိုနဲ့ အထူးအဆန်းအနေနဲ့ကြည့်နေကြတယ်။ သူတို့ရဲ့အကြည့်တွေကိုကျွန်တော်ကမသိချင်ယောင်ဆောင်ပြီး သတ္တိနဲ့ဆက်စားနေခဲ့တယ်။ သတ္တိရှိဆိုရင်လည်း ဗိုက်ကမရတော့ဘူးလေ

"အင့်"

ကျွန်တော့်အရှေ့ကလိုလို ဘေးကလိုလို ခပ်သဲ့သဲ့ညည်းသံလေးတစ်ခုထွက်လာတယ်။

ခေါက်ဆွဲကတန်းလန်းဖြစ်နေလို့ခေါင်းကိုမမော့နိုင်ပေမယ့်ကျွန်တော် မျက်လုံးကိုပင့်ကြည့်လိုက်တယ်

ကျွန်တော့်အရှေ့မှာလှဲနေတဲ့ Taeyong ရဲ့မျက်လုံးက မှိတ်လိုက်ဖွင့်လိုက်ဖြစ်နေပြီး သူ့ခန္ဓာကိုယ်ကလည်းလှုပ်ရှားနေတာကိုတွေ့လိုက်ရတယ်

"ဟာာာ အင့် Taeyong"

ကျွန်တော်ခေါက်ဆွဲဖတ်တွေကိုအဆုံးထိမစားတော့ဘဲတစ်ဝက်မှာတင်ကိုက်ချကာ ခေါက်ဆွဲဘူးကို ချက်ချင်းဘေးချလိုက်တယ်။ ခေါက်ဆွဲဘူးမရှိတော့တဲ့လက်ကအလိုလို Taeyong ဆီရောက်သွားတော့တာပဲ

သတိရရလာချင်း Taeyong ကကျွန်တော့်ဘက်ကိုလှိမ့်ပြီး ကျွန်တော့်လက်တွေကိုအတင်းလှမ်းဆွဲရာကနေ လက်မောင်းထိတွယ်တက်လာတယ်

"Taeyong"

"ဒါ... ဒါအိမ်မှာမှမဟုတ်တာ"

ငိုသံစွပ်နေပြန်တဲ့သူ့အသံကိုကျွန်တော်ကြားလိုက်ရတော့ သတိမရလာခင်ကထက်ပိုလို့တောင်စိတ်ပူသွားတယ်

အိမ်မဟုတ်တဲ့နေရာနဲ့ သူကြောက်တဲ့သူစိမ်းတွေပြည့်နေတဲ့အရေးပေါ်ခန်း

လူနာကုတင်ပေါ်ကနေ ကျွန်တော့်ကိုအတင်းဖက်ပြီးကျွန်တော့်နားကပ်နေတော့ တိုင်မှာချိတ်ထားတဲ့ drip ပုလင်းကလှုပ်ယမ်းပြီး တိုင်ကပါကျွန်တော့်အပေါ်ကျလာတယ် ကျွန်တော့်ခေါင်းနဲ့တိုင်နဲ့မထိခင် တိုင်ကိုအမှီလှမ်းဖမ်းကာပြန်ထောင်လိုက်တယ်

အချစ်အစပျိုးခဲ့ရာWaar verhalen tot leven komen. Ontdek het nu