Unicode
(zawgyi below)
Jaehyun's POV
ကြော်ထားတဲ့ sausage တွေကိုကျွန်တော် ပါးပါးလှီးရင်း ပြင်ထားတဲ့ထမင်းပေါ်ကိုနေရာအနှံ့တင်လိုက်တယ် ပြီးမှ ထမင်းဘေးမှာ kimchi လေးပုံပေးလိုက်တယ်
အင်း ဒီလောက်ဆို Sociophobia လေးကြိုက်လောက်မှာပါလေ
သူဒီတစ်ပန်းကန်ပုန်တဲ့အထိစားလိုက်ရလောက်အောင်လည်းမြိန်မှာပါ
ဒီလိုပဲမျှော်လင့်ရတာပေါ့
ရေခဲသေတ္တာဟောင်းလောင်းနဲ့ကျွန်တော်လည်းဖွယ်ဖွယ်ရာရာချက်ပေးလို့မရတော့ဘူး မနက်စာနဲ့နေ့လည်စာပေါင်းစားနေရတာ ဒီနေ့က ၂ ရက်လား ၃ ရက်လားပဲရှိပြီ ကျွန်တော့်စိတ်နဲ့ဆိုစားသောက်ဆိုင်မှာသွားထိုင်စားလိုက်ရင်ပြီးနေပြီ ဒါပေမယ့် Taeyong နဲ့ကစားသောက်ဆိုင်ဆိုရင်ဘယ်လိုမှအဆင်မပြေနိုင်ဘူးလေ
အိမ်မှာကျန်ခဲ့တဲ့ Taeil ကလည်းအရင်တစ်ခါကျွန်တော်ဟောက်ပြီးကတည်းက ဖုန်းမခေါ်ဘဲငြိမ်နေတာကြာပြီ သူရော ဘယ်လိုဗရမ်းဗတာဖြစ်နေလည်းမသိပါဘူး
အခုအချိန်မှာကျွန်တော်က Taeil အကြောင်းတွေးနေရမှာမဟုတ်ဘဲ ကျွန်တော်နဲ့ Sociophobia အကြောင်းကိုတွေးနေရမှာဖြစ်တယ်
အဓိကအကြောင်းအရာကိုတွေးနေရမှာ
အဓိကလို့ကျွန်တော်သတ်မှတ်ထားတဲ့အကြောင်းကတော့ ကျွန်တော်နဲ့သူကဘယ်လိုအနေအထားနဲ့အဆုံးသတ်သွားပြီး ကျွန်တော်ကသူ့ဘေးကနေဘယ်အချိန်မှာထွက်သွားရမလဲဆိုတာပဲ
လူတွေနဲ့ထိတွေ့ဆက်ဆံဖို့ကိုကြောက်နေတဲ့ သူ့လိုလူတစ်ယောက်အနေနဲ့ ကျွန်တော့်ကိုလက်ခံဖို့ခက်ခဲလိမ့်မယ် သူယုံထားတဲ့ သူ့ရဲ့ညီကလွဲရင်ပေါ့။ ကျွန်တော်ဟာသူ့ရဲ့လူယုံမဖြစ်နိုင်သလို သူ့ရဲ့ အင်းးး ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ဖြစ်ချင်နေတဲ့ သူ့ရည်းစားလည်းမဖြစ်နိုင်ဘူး
ကျွန်တော်ဟာ သူ့နားကိုစတင်ချဉ်းကပ်ခဲ့တဲ့ အကြောင်းအရင်းဖြစ်တဲ့ သူ့ရဲ့သူနာပြု သိူ့မဟုတ် ထိခိုက်ဒဏ်ရာမရအောင်စောင့်ရှောက်သူတစ်ယောက်ကလွဲရင် ဒီ့ထက်ဘာမှမဖြစ်နိုင်တော့ဘူး
YOU ARE READING
အချစ်အစပျိုးခဲ့ရာ
FanfictionThis fic is written both in Unicode and Zawgyi... Jaeyong Fanfic (Myanmar) Cover by sis Zin Thu Lin Htet