Ch-10

2.8K 213 18
                                    

Unicode 

(Zawgyi below)

Jaehyun's POV

"ခဏနေပါဦး ဒါကဘာတွေလဲ??? Aishhh!!!!"

ရေခဲသေတ္တာထဲကထုတ်သမျှထွက်လာတာတွေကိုကျွန်တော်အမြင်ကပ်စွာကြည့်ရင်းပြောလိုက်မိတယ်

စိမ်းတိမ်းတိမ်းအရွက်တွေကိုဒီနေ့မှကျွန်တော်ကြည့်လို့မရသလို နီနီရဲရဲအသားတွေကိုလည်းလမ်းထိပ်ကအမှိုက်ပုံးထဲ့လွှတ်ပစ်ချင်စိတ်ပေါက်နေတယ်

ဒီနေ့ စိတ်အလိုမကျဘူးလို့ပဲပြောရမလား?

စိတ်ထဲမှာတစ်ခုခုကိုမတင်မကျကြီးဖြစ်နေတယ်

("သူနာပြုတစ်ယောက်ထက်ဘာမှမပိုဘူး")

ပြန်တွေးမိတဲ့စကားကြောင့် ကိုင်ထားမိတဲ့ အရွက်မျိုးစုံတွေကိုရေခဲသေတ္တာထဲဆောင့်ကာပစ်ထည့်လိုက်တယ်

ရေခဲသေတ္တာသာသက်ရှိဆိုရင် နာလို့အသံထွက်နေလောက်ပြီ

အခန်းထဲကကြားနေရတဲ့ရေသံရဲ့နောက်ကွယ်မှာ ကျွန်တော့်စိတ်တွေ မသာယာနိုင်ခဲ့။

ဒီရေသံဟာ အထဲက Taeyong ရေချိုးနေတဲ့အသံဆိုတာကိုသိနေပေမယ့်လို့ကျွန်တော့်စိတ်တွေမကြွနိုင်ခဲ့ဘူး

Taeyong အပေါ်ခံစားချက်ရှိနေပြီးရှေ့တိုးချင်နေတဲ့ကျွန်တော့်ကိုမနေ့က HaeChan ကစည်းတစ်ခုသတ်မှတ်ခဲ့တယ်။ သူနာပြုထက်ဘာမှမပိုဘူးတဲ့

အဲ့စည်းကိုကျွန်တော်က ခေါင်းထဲတောင်မထည့်ပေးမယ့်သူ့စကားကိုကြားလိုက်ရကတည်းကစိတ်ထဲမှာတစ်မျိုးကြီး။

အေးစက်တဲ့ ပဲနို့တစ်ပုလင်းကိုလက်ထဲမှာတင်းနေအောင်ကိုင်ထားရင်း ဟိုတွေးဒီတွေးနဲ့မျောနေခဲ့တယ်

သူတို့ကလည်း ညီအစ်ကိုနှစ်ယောက်တည်း။

ကျွန်တော်ဆိုတာကလည်း ကိုယ့်ငွေကိုတောင်မနည်းတူးဖော်နေရတဲ့အခြေအမြစ်မရှိတဲ့ဟာသစာရေးဆရာတစ်ယောက်။ ကျွန်တော့်လိုလူက Taeyong ကိုပျော်အောင်ထားနိုင်ပါ့မလား? တစ်သက်တာလုံးအတွက် လူတွေနဲ့ဆက်ဆံရမှာက်ုကြောက်နေတဲ့ ကောင်လေးတစ်ယောက်ကို ကျွန်တော့်ရင်ခွင်ထဲအမြဲထည့်ထားနိုင်ဖို့ဆိုတာ "ငွေ" ဆိုတဲ့အရွက်ပါးပါးလေးတွေအထပ်လိုက် လွှတ်ပစ်လို့မကုန်အောင်ရှိနေမှ ဖြစ်နိုင်မှာ။

အချစ်အစပျိုးခဲ့ရာWhere stories live. Discover now