Ch-12

2.7K 179 3
                                    

Unicode

(zawgyi below)

Jaehyun's POV

စောနက ကြမ်းပြင်ပေါ်ကျခဲ့တဲ့ အနီရောင်အင်္ကျီမဟုတ်တော့ဘဲ အညိုရောင်အင်္ကျီလေးကိုသာကျွန်တော်အသစ်ပြန်လဲပေးလိုက်ပြီး

နဂိုအတိုင်း တုန်နေတဲ့သူ့ခန္ဓာကိုယ်လေးကို ကျွန်တော်ပွေ့ပြီးဆက်ဖက်ထားပေးလိုက်သည်

တရှုံ့ရှုံ့ငိုနေတဲ့ သူကအငိုမတိတ်သေးပေမယ့် ကျွန်တော်ကတော့သူ့ကိုချစ်လို့မဝသေးတာကို သူသိမယ်မထင်ဘူး

ဆေးပြန်ထည့်ပေးထားတဲ့ သူ့လက်ကလေးတွေကလည်း စောနက သူ့လက်ကိုပြန်တုပ်ခဲ့တဲ့ပတ်တီးတွေမဟုတ်တော့ဘဲ အသစ်တွေသာဖြစ်တယ်

ခဏကြာတော့ ကျွန်တော့်ရင်ခွင် ကျွန်တော့်လက်ထဲ တုန်နေတဲ့ သူ့ခန္ဓာကိုယ်လေး ဆောက်တည်ရာရကာ ပြန်ငြိမ်သက်လာတယ်။

တရှုံ့ရှုံ့ငိုနေတဲ့ သူ့ငိုသံတွေကလည်း အသံတွေတိုးညှင်းလာတယ်

ကျွန်တော်ငုံ့ကြည့်လိုက်တော့ ကလေးတစ်ယောက်အိပ်ပျော်သွားတာဖြစ်တယ်

အိပ်နေတာလေးကိုက

အရမ်းမောပန်းပြီး ပင်ပန်းသွားလို့ အိပ်မောကျသွားတဲ့ပုံစံလေး

အင်းလေ

ကျွန်တော်လက်လွန်ရင်လည်းလက်လွန်သွားမှာပေါ့

ဒါပေမယ့်စိတ်ကထိန်းလို့မှမရနိုင်တာ

ကျွန်တော်ကိုယ်တိုင်ပစ်ချလိုက်တဲ့ စောင်ကိုသွားဆွဲယူပြီး အိပ်နေတဲ့ Taeyong ပေါ်ဖွဖွလေးခြုံပေးလိုက်တယ်။

အရာအားလုံးဟာ ကျွန်တော့်အတွက်ကြည်နူးစရာကောင်းနေပေမယ့် သူ့အတွက်တော့ အတိတ်ဆိုးကြီးလိုဖြစ်နေမှာ...

ကိုယ့်ဘာသာလက်လွန်ပြီးမှ ပြန်စိတ်မကောင်းဖြစ်နေရတယ်။

ဘေးဘက်ခုံပေါ်မှာတင်ထားတဲ့ ဖင်ကပ်လောက်သာကျန်တော့တဲ့ ပဲနို့ဘူးကို ကျွန်တော်ယူရင်း အခန်းထဲကထွက်ခဲ့တယ်။ အရမ်းချစ်ဖို့ကောင်းလွန်းတဲ့သူ့မျက်နှာကိုကျွန်တော်ကြည့်လို့မဝပေမယ့် သူပြန်နိုးလာရင် သူမမြင်ချင်ဆုံးလူကကျွန်တော်ဖြစ်နေမှာကိုကြိုတွေးမိလို့ အခန်းထဲကထွက်ခဲ့ရတယ်။

အချစ်အစပျိုးခဲ့ရာWhere stories live. Discover now