Ch-30 (The Last Part)

5.7K 238 22
                                    

Unicode

(zawgyi below)

HaeChan's POV

"Hyung!! "

ကျွန်တော်အော်ခေါ်သော်လည်းဘာသံမှပြန်မကြားရ။ ပြန်မထူးဘူးဆိုတာကိုသိနေသော်လည်း ကျွန်တော်ရင်ထဲမှာအရမ်းပူထူပြီးဆက်ခေါ်နေမိတယ်

ကျွန်တော်တိုက်အောက်ကိုရောက်တဲ့အချိန်ထိပေါ့

တိုက်အောက်မှာလည်းကျွန်တော်ထင်သလို Hyung ရှိမနေပါ

ဘယ်တွေများထွက်သွားပြီး ဘယ်နေရာမှာများ တစ်ယောက်တည်းထိုင်ငိုနေလိမ့်မလဲ

ကျွန်တော့်မှာအပြစ်တွေများကျရောက်နေခဲ့ပြီလား

ဒီလူရှိနေရင်သူဟာလုံခြံပါတယ်လို့ သူကိုယ်တိုင်ဝန်ခံခဲ့ပြီးကျွန်တော့်လက် ၂ ဖက်ကိုကိုင်ရင်း ပြန်ခေါ်ပေးဖို့တောင်းဆိုခဲ့တဲ့ နာရီအနည်းငယ်အလိုက....

ကျွန်တော်သူ့လက်တွေကိုဖယ်ချခဲ့တာ

ဒီလူကိုစွဲလန်းဖို့ရာမသင့်တော်ဘူးလို့ပြောခဲ့တာ

နှင်ထုတ်ခဲ့တာလည်းကျွန်တော် ၊ ပြန်မခေါ်ပေးနိုင်ဘူးလို့ငြင်းခဲ့တာလည်း ကျွန်တော်....

ဒါပေါ့

သေချာပေါက် ကျွန်တော့်မှာအပြစ်ရှိနေခဲ့ပြီ

ကျွန်တော့်အနေနဲ့

သူစိမ်းတစ်ယောက်ကိုအိမ်ပေါ်ခေါ်တင်ပြီး စိတ်အခြေအနေချို့ယွင်းနေတဲ့အစ်ကိုတစ်ယောက်ကိုလက်ထဲအပ်ထားရမှာက.... သိပ်ကိုအန္တရာယ်များတယ်လို့ထင်ခဲ့တယ်

Hyung ကဘယ်လိုစိတ်နဲ့စွဲလန်းသွားခဲ့လည်းမသိနိုင်ပေမယ့် ကျွန်တော်ကတော့ အခုထိလက်ခံလိုမရသေး

ကျွန်တော်လမ်းမထက်ကိုပြေးဆင်းမိတော့ ညရဲ့လေအေးတွေကစိမ့်နေတာပဲ

ဘေးဘီကိုကြည့်ပြီး ဆုံးဖြတ်လိုက်တာက ကျွန်တော်ဒီလမ်းထဲကနေထွက်ပြီး ရဲစခန်းကိုအကြောင်းကြားရမယ်ဆိုတာပဲဖြစ်တယ်

အသုံးမဝင်ခဲ့ ၊ မနွေးထွေးနိုင်ခဲ့တဲ့အစ်ကိုတစ်ယောက်ဖြစ်ခဲ့ပေမယ့် ကျွန်တော်အသည်းနင့်အောင်ချစ်လို့ လွယ်လွယ်နဲ့တော့ပျောက်ဆုံးမခံနိုင်ပါ

အချစ်အစပျိုးခဲ့ရာWhere stories live. Discover now