Ch-26

2.2K 152 0
                                    

Unicode

(zawgyi below)

Jaehyun's POV

ကြောင်တစ်ကောင်ရဲ့မျက်လုံးတွေကိုမှပိုင်ဆိုင်ထားရတဲ့သူက အခုလိုပဲကြောင်တွေလိုကြောက်လန့်နေတတ်တုန်းလား မျက်လုံးတွေထဲမှာသမင်မျက်လုံးကအလှဆုံးလို့ပြောကြပေမယ့် သမင်မျက်လုံးသာရထားတဲ့သူဆိုရင် မျက်လုံးလေးလှရုံကလွဲပြီးဘာမှရှိမယ်မထင်ဘူးလို့ကျွန်တော် သူ့ကိုချစ်လွန်းတဲ့စိတ်နဲ့တစ်ဖက်သတ်ဆွဲပြီးတွေးလိုက်မိတယ်

ကြောင်တွေလိုဝိုင်းပြီးတောက်နေတဲ့သူ့မျက်လုံးတွေကြောင့်သူဟာ ကြောင်တစ်ကောင်လိုပဲအသည်းယားပြီးချစ်ဖို့ကောင်းတယ်လို့ကျွန်တော်ထင်တယ်

"မင်းမျက်လုံးလေးတွေကလှတယ်"

ကျွန်တော်ပြောလိုက်တော့ သူကရှက်သွားသလိုလိုနဲ့ ကြမ်းပြင်ကိုသာငုံ့ကြည့်နေတော့တယ်

"လူတိုင်းမှာအားနည်းချက်နဲ့အားသာချက်တွေကဒွန်တွဲနေတာတဲ့ အားသာချက် ၃ ချက်ရှိရင် အားနည်းချက်လည်း ၃ ချက်ရှိတယ် ဒါပေမယ့်အားသာချက်ကပုံမှန်အားဖြင့် ၅ ချက်ထက်ပိုမရှိကြဘူးတဲ့"

ဘေစင်ကရေကိုကျွန်တော်လက်မှာထပ်စွတ်လိုက်ပြီး သူ့ပါးနုနုလေးပေါ်ကိုဖွဖွလေးတင်ရင်း သတ်ချပေးလိုက်တယ် ခြောက်သွားတဲ့သွေးကွက်ကနူးညံ့တဲ့ပါးပြင်မှာမှဖျက်ရတယ်ခက်သကိုး

"မင်းကိုယ်မင်း အားနည်းချက်တွေပဲရှိတယ်လို့ထင်နေတာမလား"

ကျွန်တော့်အမေးကမှန်သွားတယ်ထင်ပါရဲ့ အံ့သြတကြီးနဲ့ ကြမ်းပြင်ပေါ်ရောက်နေတဲ့အကြည့်တွေကိုကျွန်တော့်မျက်နှာဆီကိုရွှေ့လာတယ်

"Sociophobia ဟာမင်းအတွက်ကြီးမားတဲ့အားနည်းချက်ပဲမဟုတ်လား"

Taeyong ကဟိုဘက်ကိုမျက်နှာလွှဲလိုက်တယ်

"Sociophobia ကမင်းအားနည်းချက်ဆိုရင် အရမ်းချစ်ဖို့ကောင်းတာကမင်းရဲ့အားသာချက်ပဲလေ နောက်တစ်ခုပြောရရင် တာဝန်သိစိတ်ကလည်းမင်းရဲ့အားသာချက်ပဲ မင်းညီလေး HaeChan ကိုမင်းနားထားချင်လျက်နဲ့ မင်းလိုပညာရေးဆုံးခန်းမတိုင်မှာကိုမင်းစိတ်ပူပြီး သူမရှိလို့ ပိုများနေတဲ့အကြောက်တရားတွေကိုမင်းမရမကမျိုသိပ်ပြီး သူ့ကိုကျောင်းဆက်တက်ခိုင်းခဲ့တာမလား"

အချစ်အစပျိုးခဲ့ရာWhere stories live. Discover now