Unicode
(zawgyi below)
HaeChan's POV
ကျောင်းကဆင်းလာပြီးအိမ်ပြန်လာရတာတောင်စိတ်ဒုက္ခသိပ်ပေးတယ်။ အဲ့လူက Jaehyun ဆိုတဲ့လူ
တိုက်ခန်းတံခါးဝမှာတင်အထဲကငိုနေတဲ့အသံကြားလို့တော်တေယ်လးလန့်သွားတယ်။ တံခါးတောင်ပြန်မပိတ်နိုင်ဘဲအခန်းထဲပြေးဝင်ရတာ
အခန်းတံခါးလည်းဖွင့်လိုက်ရော မြင်လိုက်ရတဲ့မြင်ကွင်းက အသက်ရှူတွေပါရပ်တယ်။
မနက်ကမှ စောင့်ရှောက်ပါဆိုပြီးသေသေချာချာမှာပြီးခါမှ ၂၄ နာရီတောင်မပြည့်သေးဘဲအခု Hyung ဘေးနားမှာအကျီကျွတ်နဲ့ ဟိုကလည်းအိပ်ရာပေါ်မှာငိုနေလိုက်တာ အသက်ရှူရပ်ပြီးသေသွားမှာတောင်ကြောက်ရတယ်။ ဟိုလူကိုဒေါသတွေကလည်းထွက် Hyung ကိုလည်းစိတ်တွေပူ
ကျောင်း uniform ကျောပိုးအိတ်ကြီးလွယ်ပြီးဘာလုပ်လို့လုပ်ရမလဲ မသိ
"ခင်ဗျား ဒါဘာလုပ်နေတာလဲ?"
ဒေါသကြောင့်မြင့်တက်သွားတဲ့အသံတစ်ခု
Jaehyun ကတော့ကျနော့်ကိုအသည်းအသန်လက်တွေခါပြ
Hyung ကလည်းအသားကုန်ငို
ကျနော်သိရသလောက်တော့ ဒီလူက Hyung ကိုတစ်ခုခုလုပ်လိုက်တာပဲ
"ဒါဘာလုပ်နေတာလဲလို့????? အခုချက်ချင်းချွတ်ထားတဲ့အကျီပြန်ဝတ်ပြီး အခန်းထဲကထွက်"
"arni မဟုတ်ဘူးနော် ငါဘာမှမလုပ်ရသေးဘူးနော် သူငိုနေလို့ငါကသုတ်ပေး,....."
"ဘာသုတ်ပေးမှာလဲ အခုချက်ချင်းအခန်းထဲကထွက်လို့ပြောနေတယ်မလား?"
သူထွက်လာတော့ အိပ်ခန်းတံခါးကိုပြန်ပိတ်ပြီး ထမင်းစားဝိုင်းမှာ မျက်နှာချင်းဆိုင်ထိုင်လိုက်တယ်။
"ဟေ့လူ ဘာမှမပြောနဲ့ ကျနော်အရင်ပြောမယ်"
သူကစကားပြောရန်ပါးစပ်ဟနေတုန်း ကျနော်အမြန်ပိတ်လိုက်တယ်
"ခင်ဗျားဘာတွေလုပ်လိုက်လဲ? ကျုပ်အကို ကို??? ဘာမှမလုပ်ဘူးလို့တော့မပြောနဲ့နော် ကျနော်သိနေတယ် ခင်ဗျားတစ်ခုခုလုပ်လိုက်တာပဲ"
YOU ARE READING
အချစ်အစပျိုးခဲ့ရာ
FanfictionThis fic is written both in Unicode and Zawgyi... Jaeyong Fanfic (Myanmar) Cover by sis Zin Thu Lin Htet