Ch-4

3.5K 246 1
                                    

Unicode 

(zawgyi below)

Jaehyun's POV

ကျနော့်ကိုညကဖုန်းမကိုင်ဘဲကလိမ်ကကျစ်ကျမယ့်ကောင်ကိုအားရပါးရပြောဖို့မောင်းတင်ပြီးတံခါးကိုဆွဲဖွင့်လိုက်တယ်

ဆွံ့အသွားတယ်

မိနစ်ပိုင်းလောက်

ကျနော့်မျက်လုံးတွေအဝိုင်းသားဖြစ်သွားတယ်

ကျနော်ထင်မှတ်ထားတာဒီမြင်ကွင်းမဟုတ်တဲ့အတွက်ကြောင့်

အိပ်ရာပေါ်မှာ ခွေခွေလေးထိုင်နေတယ်။

ဒူးနှစ်ဖက်ကိုလက်နှစ်ဖက်နဲ့ဖက်ထားတာမို့လို့ကိုယ်ခန္ဓာလေးကပိုပြီးသေးနေသလိုလို...

စောင်အဖြူကိုတစ်ကိုယ်လုံးပတ်ထားပြီးမျက်နှာပဲဖော်ထားတယ်။

ကျနော်သိရသလောက်တော့သူ့အသားတွေတုန်နေသလိုပဲ။

စောင်ကိုအတင်းမရမကဆွဲယူရင်းပေါ်လာတဲ့သူ့ရဲ့သွေးစတွေစိုနေတဲ့လက်ဖမိုး

ရေစီးလိုစီးကျနေတဲ့မျက်ရည်တွေ

ဟင့်အင်း

ဒီကောင်လေးက?

သူ့ကိုကျနော်တွေ့တွေ့ချင်း ကျနော်လူမှားသွားပြီလို့တောင်ထင်မိတယ်

ကျနော်ထင်ထားတာကပုံပန်းသဏ္ဍာန်ကိုမှန်းမထားပေမယ့်လည်းကျနော်နဲ့တန်းတူစကားလုပြောနိုင်မယ့်လူတစ်ယောက်..

ဒါပေမယ့်ကျနော်လက်တွေ့တွေ့လိုက်ရတာက ယုန်ငယ်တစ်ကောင်လိုခွေပြီးတုန်ယင်နေတဲ့ကောင်လေးတစ်ယောက်။

အဲ့ကောင်လေးကိုကျနော်မြင်လိုက်ရတော့ကျနော့်ရဲ့အပြုအမူတွေအတွက် ကျနော်ကိုကျနော်အရှက်ရမိပါရဲ့

"ခင်ဗျားးး သွားပါဗျာ ကျနော်တကယ်တောင်းပန်ပါတယ်"

အညိုရောင်တံခါးကိုရုတ်တရက်ပိတ်လိုက်လို့ကျနော့်မြင်ကွင်းထဲကကောင်လေးပျောက်သွားတယ်

ပါးစပ်ဟလျက်သားနဲ့ကျနော်ဘာမှမပြောနိုင်...

"ခင်ဗျားအရင်ထွက်သွားပေးပါ ကျနော်ခဏကြာရင် ခင်ဗျားလိုချင်တဲ့ငွေတစ်သောင်းပေးပါ့မယ်"

အချစ်အစပျိုးခဲ့ရာWhere stories live. Discover now