စာအုပ်အတွဲ(၃) အပိုင်း(၄၃-၁) FouthBeam Couple

6.8K 703 32
                                    

အင်း ဒါက အိပ်မက်တစ်ခုလိုပဲ Beam ကျွန်တော်ဘေးမှာထိုင်ပြီး ၂ယောက်တည်း ကားအတူစီးရမယ်ဆိုတာ။

သူကိုငေးကြည့်မိနေတုန်း Beam က ဒီဖက်လှည့်လာပြီး

Beam : ကားမောင်းရတာ ပျင်းနေပြီးလား

Fouth : မပျင်းပါဘူး။ Beam ကော??

Beam : အင်း P' ဖွင့်ထားတဲ့သီချင်းတွေက အမြူးတွေကို ဘယ်နားမှာ ပျင်းရမှာလဲ

ဒါပေမယ့် Beam ကိုကြည့်ရတာ ဒီသီချင်းတွေ ကြိုက်ပုံမပေါ်ဘူး။ သူ ဘယ်လိုသီချင်းအမျိုးအစားတွေကို ကြိုက်တာပါလိမ့်။

Fouth : ခုဖွင့်တဲ့ သီချင်းတွေကို ကြိုက်လား။ Beam

Beam : မဆိုးပါဘူး။ ဒါပေမယ့် ပြောင်းလိုက်မယ်နော်။

Beam က ပြောပြီးတာနဲ့ ကားကက်ဆက်က USB Stick ကိုဖြုတ်လိုက်ပြီး ဖုန်းနဲ့ ချိတ်လိုက်တယ်။

အော် Beam ကြိုက်တဲ့ သီချင်းတွေက အေးအေးလေးနဲ့ ဆွေးရတဲ့သီချင်းတွေပဲ။

ဒီအချိန်မှာပဲ Lam ဆီက ဖုန်းဝင်လာခဲ့တယ်။

Lam : ဟေ့ကောင် Fouth ဘယ်တွေ လုပ်ပြီးကြပြီလဲ။

Fouth : ဟင် လဒကောင် ဘာကို လုပ်ပြီးရမှာလဲ။ Beam ကြားသွားဦးမယ်။

Lam : အေးပါကွာ ကြောက်တတ်လိုက်တာ။ မင်းကားကို ခုနက ရပ်တဲ့နေရာကို ပြန်မောင်းခဲ့ပါလား။ ဒီမှာ တစ်ယောက်က အိတ်ကျန်ခဲ့လို့ကွာ။ အဲ့က လူက သိမ်းပေးထားတယ်ဆိုလို့ သွားပြန်ယူပေးဦး။

Fouth : အေးပါကွာ

Beam ကျွန်တော် အသံတိုးတိုးနဲ့ လှမ်းခေါ်လိုက်ပြီး

Fouth : ကိုယ်တို့ ကားပြန်လှည့်ရမယ်။

Beam : အင်း ရတယ်လေ

Fouth : ဟင် Beam က ဟိုကိုမြန်မြန်ရောက်ချင်နေတာမဟုတ်ဘူးလား

Beam : အော် ရောက်ချင်မှဖြင့် မနေ့ကတည်းက ကိုယ်ဘာသာကိုယ် သွားနေပြီ အပိုတွေ ပြောမနေနဲ့။

ကျွန်တော် ပြုံးမိတယ်။ ဘယ်လိုတွေတောင် စကားပြောတာက ချစ်ဖို့ကောင်းတာလား။

အိတ်ကိုပြန်ယူပြီးနောက် Beam မုန့်ဝယ်တာလိုက်သွားခဲ့တယ်။ ပြီးတော့ ဘီယာ(၂)လုံးပါ ထည့်ဝယ်ခဲ့တယ် (အင်း အကြံတွေကတော့ အဟင်းဟင်း)

2moons The Series(Burmese Translation)Where stories live. Discover now