သူ့နဲ့တစ်ညတာဖြတ်သန်းခြင် အပိုင်း(၂) (ForthBeam Couple)

5.5K 522 30
                                    

       

ဒီညတော့ အဲ့အကျီင်္ မဝတ်ဘူး...အင်းခုတော့ ဝတ်လိုက်ရပြီ။ Forth တစ်ယောက်ကတော့ ပြုံးတုံးတုံးနဲ့

အိပ်ယာတွေခင်းနေတာ။

အရင်တုန်းက လူရိုးလူအေး နဲ့ ရှက်တတ်တယ်လို့ ထင်ထားတာ တခြားစီ ဘယ်နဲ့ ကလေးမဟုတ် သူငယ်မဟုတ် အကျီ င်္အိတ်ကို ဖွက်ထားရတယ်လို့ဗျာ။

လူယုတ်မာကြီး :P

ပြီးတော့ အိပ်ချင်တဲ့နေရာလည်း ပေးမအိပ်ဘူး။

သူ့နဲ့ နံရံနဲ့ကြားမှာပဲ အိပ်ရမယ်တဲ့။ အိမ်း ခေါင်းထိလာလို့ အရာအားလုံး လိုက်ရောနေတာကို..

ည(၂)နာရီရောက်တော့ သက်ပြင်းပဲချလိုက်မိတယ်။ အိပ်မရဘူးရယ်။

အဲယားကွန်းလေကမရှိ၊ လူတွေအများကြီးနဲ့ ပူလိုက်တာ

ကျွန်တော် ချေးများမှန်းသိပါတယ်။ ခုဒီလိုနေ နေရတာ ဘယ်သူ့ကြောင့်လို့ထင်လဲ။ အင်း မျက်နှာကြီးကို ဆွဲထိုးပစ်ချင်လိုက်တာ (ငှယ် ကွာ့ကို မောင်မခေါ်ရာနောက်လိုက်သွားပြီးတော့များ :P)

Forth : အိပ်မရဘူးလား Beam

ငင့် ကျွန်တော် စိတ်ထဲမှာ ပြောသွားတာများ ကြားသွားသလားပဲ။

Beam : အင်း အိပ်တော့မှာ

ကျွန်တော် လိမ်လိုက်တယ်။

Forth : အိပ်မရဘူးဆိုရင် ကိုယ့်ရင်ခွင်ထဲလာလေ... (ငှယ်..)

Beam : အိပ်မရဘူးဆိုရင် ခြေထောက်စာမိချင်တာလား..(ဟယ် ဘယ်လိုအတွဲလား)

Forth : ဟားဟားဟား....

ကျွန်တော် သူ့ကို သေချာကြည့်မိတယ်။ ကျွန်တော်ကသာအိုက်နေတာ သူ့က စောင်ကြီးခြုံလို့ မအိုက်တဲ့အတိုင်း

Forth : အင်း အိပ်ပျော်အောင် ကိုယ်ဘာလုပ်ပေးရမလဲ။ ဆိတ်အကောင်တွေ ထိုင်ရေပါလား။ တစ်ကောင် နှစ်ကောင်...

Beam : ရေနေတာပဲ။ ခုတောင် ၁၂၅၁၆ ကောင်ရှိနေပြီး အခု ၁၂၅၁၇..

Forth : ဒါဆို စိတ်ထဲက သီချင်းဆိုရင်ရော

Beam : သီချင်းဆိုတာမှ မကြိုက်တာ (အကိုက အကန်ကြီးပဲတစ်လိုင်း)

Forth : အာဆို့ ကိုယ်တို့ ဘာလုပ်ကြမလဲ (:P) အင်း မနက်ကလည်း စောစောထရမှာ

Beam : ရတယ် သူ့အလိုလို အိပ်ပျော်သွားလိမ့်မယ်။

ကျွန်တော် မျက်စိကို မှိတ်လိုက်တဲ့အချိန်မှာပဲ...နူးညံတဲ့ နှုတ်ခမ်းတစ်စုံက နဖူးပေါ်သို့

မျက်လုံးဖွင့်ကြည့်တော့ Forth လည်ပင်း

Beam : ဟာ ဒါဘာလုပ်တာလဲ

Forth : တိုးတိုးနေပါ။

ကျွန်တော် ပြောလိုက်တဲ့အသံက စောန အတော်ကျယ်သွားတာ။ ဒါပေမယ့်လည်း အတော် လန့်သွားမိတယ်။

Beam : ဒါဘာလုပ်တာလဲ ပြော (လေသံတိုးလေးနဲ့)

Forth : ညအိပ်ရာဝင် နှုတ်ဆက်အနမ်းလေး (အောင်မလေးဟယ် ယွချက်တွေက P'Forth ရယ် လူရိုးဆိုတာ သချိုင်းမှာပဲဆိုတာယုံပါပြီ)

မျက်လုံးတစ်ဖက်မှိတ်ပြရင်း နှုတ်ခမ်းတွေက ကျွန်တော် နှုတ်ခမ်းတွေဆီ :P

Beam : ဟာ နာဘူးကောင်ကြီး ဒါအသားယူတယ်ခေါ်တာ

Beam : တော်တော့

ကျွန်တော် သူ့မျက်နာကြီးကို တွန်းပစ်လိုက်တယ်။ ဒါပေမယ့် သူ့က ရယ်ကြဲကြဲနဲ့

ပြီးတော့လည်း အိပ်သွားတာပဲ။

အင်း တော်သေးတယ်။ မီးတွေပိတ်ထားလို့ ခရမ်းချဉ်သီးလို့ ကျွန်တော် မျက်နာကို မမြင်တာ။

ကျွန်တော် ရင်တွေခုန်လာရင်း မျက်လုံးတွေစင်းလာတယ်။ Forth ရဲ့ လက်တွေက ကျွန်တော်လက်တွေကို ကိုင်ထားလို့လား မသိ လုံခြုံသလိုခံစားရင်း အိပ်ပျော်သွားခဲ့တယ်...

အိမ်း ခေါင်းစဉ်ကြည့်ပြီး အတွေးမှားတာတော့ လျော့သင့်ပြီး :P လက်ကိုင်ပြီး တစ်ညတာ ဖြတ်သန်းတာပါနော်

⭐️⭐️⭐️
👇👇👇

2moons The Series(Burmese Translation)Where stories live. Discover now