စာအုပ်အတွဲ(၃) အပိုင်း(၄၅-၂) PhaYo Couple

6.9K 685 50
                                    

       

ဒီနေ့မှ ဘာလို့ စာမေးပွဲတွေက အရမ်းဆက်နေရတာလဲ။ Yo ကလည်း စာမပြန်ဘူး။ ဒီနေ့ Phana ကံမကောင်းတာပဲ။ ဒေါသတွေက ထွက်လာတာဆိုတာ ဘေးက ဟို(၂)ကောင်တောင် သိတယ်။

နေဦး ပြီးမှ သိပ္ပံဌာနကို မြေသွားလှန်မယ်။ စိတ်ထဲမှာတော့ ထင့်နေတုန်းပဲ။

နေ့လည်စာ စားချိန်ရောက်တာနဲ့ အပြေးထွက်လာခဲ့တယ်။ အင်ဂျင်နီယာဌာနက သူတို့ ရည်းစားတွေ ထံ သွားဖို့ တာစူနေတဲ့ ဟို(၂)ကောင်က ထိပ်ဆုံးက။ ဒါပေမယ့် ကျွန်တော် ခြေလှမ်းတွေကိုတော့ လိုက်မမှီဘူးရယ်။

ကားနားရောက်ခါနီး Beam က

Beam : ငါတို့ကို စောင့်ပါဦး Pha ရယ် အသည်းအသန်နဲ့

Pha : ဘာလည်း မင်းက Bottom ထိုင်ပြီးကတည်းက အားအင်တွေ ချည်းနဲ့ သွားတာလား (ပြောချက်တွေက 9++++++++++++++++)

ကားကို ကျွန်တော်ကိုယ်တိုင်ပဲမောင်းထွက်လာခဲ့တယ်။ အင်း ဒီအချိန်ဆို Yo သူငယ်ချင်းတွေနဲ့ စားသောက်နေမှာပဲ။

ဒါပေမယ့် ကျောင်းဝန်းထဲလည်းရောက်ရော စာရွက်တွေ အောက်မှာ ပြန့်ကြဲပြီး ကျနေတယ်။

Kit က ကောက်ယူကြည့်လိုက်ပြီး S**t

Beam က Kit က ဘာလို့ ထဆဲတာလဲဆိုပြီး ယူကြည့်လိုက်တော့ F**k

နှစ်ယောက်လုံး စာရွက်တွေကို  ကြည့်ပြီး ကျွန်တော်ကို လာပြူးကြည့်နေတယ်။

ဟာ ဒီ(၂)ကောင်ဘာဖြစ်တာလဲ။ သူတို့ ဆီက စာရွက်ကို ယူကြည့်လိုက်တော့

ဘာပုံကြီးလဲ။ ကျွန်တော် တစ်ယောက်တည်း အမှောင်ကျသွားသလိုပဲ။

Yo ရဲ့ ဝတ်လစ်စတစ်နဲ့ပုံ။ ပြီးတော့ ဟိုဒင်းဟိုဟာဖြစ်နေတဲ့အခြေအနေ။ ဒီပုံက ဗီဒီယိုတစ်ခုခုကနေ screenshot ရိုက်ထားတာပဲ။

ကျွန်တော်နှလုံးသားကို ဓါးနဲ့ ထပ်ခါထပ်ခါ ထိုးလိုက်သလိုပဲ

Beam နဲ့ Kit ကတော့ ကျွန်တော် လုပ်တာလားဆိုပြီး မေးငေါ်တယ်။ မဟုတ်ဘူး။ ကျွန်တော် အဲ့လောက်ထိ အောက်တန်းမကျဘူး။ ဘယ်တုန်းကမှလည်း ဒီလိုအခြေအနေမျိုးကို ဗီဒီယိုမရိုက်ဘူး။

2moons The Series(Burmese Translation)Where stories live. Discover now