စာအုပ်အတွဲ(၃) အပိုင်း(၄၇-၁) PhaYo Couple

5.1K 678 70
                                    

       

Yo တစ်ယောက် ကျောင်းမတတ်တာ အတော်ကြာနေပြီး။ ကျွန်တော် အနေနဲ့ကတော့ ကျောင်းက ပြန်တာနဲ့ Yo အိမ် ပြီးတော့ ကျောင်း ဒီလိုပဲသွားနေတာ။ Yo အိမ်က အစောင့်အကုန်လုံးတောင် မှတ်မိနေပြီ။

ဒါပေမယ့် Yo က ကျွန်တော်ကို တွေ့တိုင်းရှက်နေတုန်းပဲ။ ကျွန်တော်ကတော့ ဘာမှ မခံစားရတော့ဘူး။ ဒီလိုပဲ သူများတွေ အတင်းပြောလာတာ ခံလာရတာရိုးနေပြီ။ Yo အနေနဲ့ကတော့ ပထမဦးဆုံးဆိုတော့ ရှက်နေမှာပေါ့။ Yo နဲ့ ကျွန်တော်အကြောင်းကတော့ လူပြောများနေတယ်။ Moon နဲ့ Moon ချစ်သူတွေဖြစ်နေတာဆိုတော့ အံသြနေကြတာ။

ဒီနေ့က Yo ကျောင်းပြန်တတ်မယ်ဆိုပြီး ကျွန်တော်နဲ့ အတူလိုက်လာတာ။ ဒါပေမယ့် ကျောင်းရောက်တော့

Yo : P'Pha Yo ကားငှားပြီး အိမ်ပြန်တော့မယ်။ အတန်းသွားတတ်လိုက်တော့နော်။

Pha : မပြန်ရပါဘူး။

ကျွန်တော်သူလက်တွေကို ဆုတ်ကိုင်ထားရင်း

Pha : Yo ကျောင်းပျက်တာတွေများနေပြီး။ နောက်ဆုံးစာမေးပွဲကလည်း အရမ်းနီးနေပြီကို။

Yo ရုပ်ကလေးက သနားကမားနဲ့ ကျွန်တော် စိတ်များပြောင်းမလားဆို တောင်းပန်နေတဲ့ပုံ။

Pha : Yo ဖြစ်ပြီးတာတွေ အချိန်တွေကို နောက်ပြန်လှည့်လို့တော့မရတော့ဘူး။ လက်ရှိအခြေအနေကို သတ္တိရှိရှိ ရင်ဆိုင်ရမှာ။ ပြီးတော့ Yo မှာ အချောဆုံးချစ်သူရှိနေပြီးပဲ ဘာလိုသေးလို့လဲ။

Yo ကိုရယ်အောင် စပေမယ့် ခပ်ဖျော့ဖျော့ပဲ ပြုံးယောင်သန်းပြီး ကျွန်တော် လက်ကို ပြန်ညစ်တယ်။

ခဏနေတော့ Yo အသက်ကို ရူသွင်းပြီး ကားထဲက ထွက်ကာ အတန်းကို သွားဖို့ ပြင်တယ်။

ကျွန်တော် သူ့လှုပ်ရှားမှုအားလုံးကို ကားထဲက လှမ်းကြည့်နေရတာ

ကလေးတစ်ယောက်ကို ပထမဦးဆုံးနေ့ ကျောင်းလိုက်ပို့တဲ့အတိုင်းပဲ။ တော်ပါပြီး နောက်ကလိုက်သွားတော့မယ်။

Yo ကိုလူတွေအားလုံးက ထူးဆန်းသလိုကြည့်နေကြတာ။ ဒါနဲ့ ကျွန်တော်လည်း သူ့ပခုံးကို လှမ်းဖက်ပြီး ပါးလေးကို လှမ်းကိုင်လိုက်တယ်။

2moons The Series(Burmese Translation)Where stories live. Discover now