စာအုပ်အတွဲ(၃) အပိုင်း(၄၆-၂) PhaYo Couple

7.6K 815 102
                                    

ကျွန်တော် နေပူကြီးထဲ ရပ်နေတာ အချိန်အတော်ကြာလှပြီ။ နဖူးကချွေးကတောက်တောက်နဲ့ ခုထိလည်း Yo က ကျွန်တော်ကို စကားပြောဖို့ အချိန်မပေး။

ကျွန်တော် သူကို Line ကနေပဲ စာပို့လို့ရတယ်။

Pha : Yo ကိုယ်တို့ စကားပြောကြရအောင်ကွာ

Pha : Yo ဘာအမှားမှ မလုပ်ခဲ့တာ။ ကိုယ်နဲ့ စကားထွက်ပြောပါကွာ။

Pha : အပြင်မှာ နေအရမ်းပူနေပြီ Yo ရေ T.T

Pha : Yo ရယ် ကိုယ်ကို ဒီလို မကျီစယ်ပါနဲ့။

Pha : Yo က ကိုယ်ကို မချစ်တော့ဘူးလားဟင် ( ငှယ် ဘယ်လိုတွေတောင် စာရိုက်နေတာလား။ နေပူပြီး ဦးနှောက်ကျွတ်သွားတာနေမှာ :P)

ကျွန်တော် စာတိုင်းမှာ ကျွန်တော်က သူကို နားလည်ပေးတယ်ဆိုတာကို ပြောပြချင်နေတာ။ ဒါပေမယ့် Yo လူတစ်မျိုး ဆုံးဖြတ်ပြီးရင် ပြန်ပြင်ဖို့ ခဲယဉ်းတယ်။

ဟော့ အစောင့်တွေကတောင် လှမ်းအော်ပြောနေပြီ။

Guard : ဟေ့ ကောင်လေး ပြန်တော့ ဘာမှလည်းမစားဘူးလား။

ကျွန်တော် ခေါင်းပဲခါပြလိုက်တယ်။ ခုချိန်မှာ Yo လောက်ဘာမှ အရေးမကြီးဘူး (အော် P' ရယ်)

Pha : ကျွန်တော်ကိုတွေ့ခွင့်ပေးပါ။

Guard : မရလို့ပါနော်။ သခင်လေးရဲ့ အမိန့်ကြောင့်ပါ အကိုရယ်။

ကျွန်တော် အိမ်ရှေ့မှာပဲ ခေါက်တို့ ခေါက်ပြန်လျှောက်နေမိတယ်။

Yo ကိုယ် မင်းအတွက် ဘယ်တော့မှ အရှုံးမပေးဘူး (ယူက Boyfriend Goal ပါကွာ)

တီတီ

အန် ကားတစ်စီး လာနေတာပဲ။

အစောင့်တွေ အကုန်တန်းစီရပ်ပြီး ကြိုကြတယ်။ ကျွန်တော်ပါ ယောင်လည်လည်နဲ့ သူတို့ဘေးသွားရပ်မိတယ်။

ကားပေါ်ကနေ Yo အဖေဖြစ်မယ်ထင်တယ်။ ပြတင်းပေါက်ကို ဖွင့်ပြီး ကျွန်တော်ကို စူးစိုက်ကြည့်နေတာများ။

ဂလု။ တစ်ကိုယ်လုံး ကြောက်လန့်ပြီး ကြက်သိမ်းတွေပါ ထလာတာ။ အမြန်ပဲ ခေါင်းငုပ် နှုတ်ဆက်လိုက်တယ်။

2moons The Series(Burmese Translation)Where stories live. Discover now