စာအုပ်အတွဲ(၃) အပိုင်း(၄၉-၂)

5.4K 752 48
                                    

       

ရုပ်ပျက်ဆင်းပျက်အိပ်တာဆိုတာ ကျွန်တော် သူတို့နဲ့မှ မြင်ဖူးတာပါ။ ဟိုဆရာဝန်(၂)ယောက်က သေနေသလို ကားယားပြီးအိပ်နေတဲ့အပြင် ဟိုနှစ်ယောက်ကလည်း မအိပ်ပေမယ့် အဲ့အတိုင်းပဲလှဲနေကြတာ...တီဗီကြည့်ရင်းနဲ့ပေါ့

Phana : ဟေ့ Forth ငါနဲ့ သောက်စရာတွေ သွားဝယ်ရအောင်

Forth :အေး သွားမယ်လေ... Ming လိုက်သယ်ကူစမ်း

Ming : P'Forth လိုက်တာတော့ ဟုတ်ပါပြီ... Yo ကို သူတို့နဲ့ထားခဲ့လို့ဖြစ်ပါမလား.

Yo :လဒကောင် ငါလည်း ယောကျာ်းလေးတစ်ယောက်ပါပဲ...

Ming : ဟုတ်တယ်လေ အာ့ကြောင့် ဖြစ်ပါမလားလို့

ဒေါက်.... Ming ခေါင်းကို P'Pha ခေါက်လိုက်တဲ့အသံ

ဖုန်း.... Forth ကို ခြေထောက်နဲ့ ဆောင့်ကန်လိုက်တဲ့အသံ :P

Phana : မင်းတို့တွေကများ ငါမိန်းမကို အထင်သေးလိုက်တာ...

Forth : ဟေ့ကောင် နာတယ်ကွာ ဖြေးဖြေးသာသာသာလုပ်စမ်းပါ... လာသွားကြအောင်

Phana : အေး သွားမယ်...

P'Pha က ကျွန်တော်ကိုတောင် မနှုတ်ဆက်ပဲထွက်သွားတယ်...

ကောင်းပါတယ် အဲ့လိုထွက်သွားတာ

နို့မိုဆို အိပ်ရမယ်မထင်... ကင်မရာနဲ့ တချက်ချက် ရိုက်နေမှာ...

ကျွန်တော် ခဏမှေးနေပြီး စကားတိုးတိုးအသံတွေကြောင့် နိုးလာခဲ့တယ်...

Beam : ပြောပြစမ်းပါဦး..

Kit : ဘာကိုတုန်း

Beam : မင်းကို Ming ဘယ်လိုလုပ်သလဲဆိုတာ..

Kit : လဒကောင်...

ကျွန်တော် အသံကြားလို့ နားဆက်စွင့်နေလိုက်တယ်....(ကလေးက နည်းယူတာ...)

P'Kit နဲ့ P'Beam နဲ့က တီဗီရှေ့မှာ ဘီယာထိုင်သောက်နေတာ... ဟို(၃)ယောက်ကတော့ မပြန်လာသေးဘူး...

Beam : မင်းငါကို မပြောပြဘူးလား။

Kit : မင်းအရင်ပြောလေ... မင်းနဲ့ Forth မူးပြီး ဝုန်းဖြစ်တဲ့အကြောင်းလေး

Beam : လဒကောင်...

နှစ်ယောက်စလုံး အသံတိတ်သွားကြတယ်။ ဒါနဲ့ ကျွန်တော် ထကြည့်တော့ နှစ်ယောက်လုံး ကျွန်တော်ကို လှည့်ကြည့်ရင်း...

Beam : နိုးလာပြီးလား

Kit : ဗိုက်ဆာနေပြီလား

Yo : နည်းနည်းပါ...ပြန်မလာကြသေးဘူးလား

Beam : မသိဘူး...ဖုန်းတောင် ကိုင်ဖော်မရဘူး

P'Beam ကြည့်ရတာ စိတ်တိုနေပုံ

ကျွန်တော်လည်း P'Pha ဆီလှမ်းခေါ်တော့ မကိုင်...

ဒါနဲ့ သွားရှာမယ်ဆိုပြီး အပြင်ထွက်လာတော့.

ဟော့ ပြန်လာပါပြီ ရယ်မောပျော်ရွင်နေလိုက်ကြတာ နေပါဦး Ming က ဘယ်တုန်းက P'Pha နဲ့ အဲ့လောက်တောင်ခင်သွားတာလဲ....

ကျွန်တော် P'Pha ဆီသွားရင်

Yo : P' ဘာလို့အဲ့လောက်ကြာနေတာလဲ...

P'Pha တစ်ယောက် ကျွန်တော် ပခုံးကို ဝင်တိုက်ပြီး မသိချင်ယောင်ဆောင် အထဲဝင်သွားတယ်။

အန် ဘာဖြစ်သွားတာပါလိမ့်...

P'Forth ကတော့ ကျွန်တော် ပခုံးကိုပုတ်ပြီး အထဲလိုက်ဝင်သွားတယ်။ Ming ကတော့ အရူးကောင် အရယ်ကို မရပ်ဘူး။

Yo : P'Pha

ကျွန်တော် လှမ်းခေါ်ပေမယ့် ဂရုမစိုက်။ အရက်ပုလင်းတွေကို ရေခဲသေတ္တာထဲထည့်နေတာ...

ကျွန်တော် စိတ်တွေ ရှုပ်လာတယ်။ ဘာအမှားများလုပ်မိတာပါလိမ့်..

P'Pha ကျွန်တော်ကို စနေတာလား...

ဘာမှကို ပြန်မပြော...ကျွန်တော် စိတ်တွေ တိုလာတယ်။

Ming : လဒကောင် Yo ဒီကိုလာစမ်း P'Pha ကို သွားမရှုပ်နဲ့

Yo : ဘာဖြစ်နေတာလဲသူက ငါကို ပြောပြ

Ming : ဘာမှ မဖြစ်ဘူး။

Yo : မသာကောင် ငါကို ပြောပြစမ်းပါ

Ming : ဘာမှမဖြစ်ဘူးဆို မဖြစ်လို့ပေါ့ကွာ လာ ညစာသွားစားမယ်....

ကျွန်တော် နောက်မှ P'Pha ကို မေးမယ်ဆိုပြီး အခွင့်အရေးကို စောင့်နေပေမယ့် P'Pha ကို ကျွန်တော်ကို သရဲတစ်ကောင်လို မမြင်ချင်ယောင်ဆောင်နေတယ်....

ကျွန်တော် တကယ်ပဲ ဒေါသထွက်လာမိတယ်။ P'Pha ဘာဖြစ်သွားတာလဲ.... ရုတ်တရက်ကြီးကို...

အိမ်း ဒိန်းကနဲတွေ စတော့ပါမယ်... အသက်ကို မှန်မှန်ရှုရင်း စိတ်ကို ပြင်ဆင်ထားပါ...:P ကဲ ထုံးစံအတိုင်း ကြယ်လေးနဲ့ Comment လေးတွေ....

အော် ပြောရဦးမယ် အားလုံးကို ကျေးဇူးတင်ပါတယ်လို့.... Read က တစ်လအတွင်း 75.5K Star က 10.4K တောင်....

ဖတ်ရှုပေးသော....ကြယ်ပေးသွားကြသော... Reading List ထဲ ထည့်ပေးသွားတဲ့ လူအားလုံး အယောက်စီကို ကျေးဇူးတင်ပါတယ်လို့....ကြိုးစားပန်းစား ပြီးတဲ့အထိ ပြန်ပေးသွားပါမယ်နော်... အလုပ်တစ်ဖက်နဲ့မို့ Update မလုပ်နိုင်တာ ခွင့်လွတ်ပါ....

2moons The Series(Burmese Translation)Where stories live. Discover now