ကိုယ်တို့ဝေးနေ မိုင်ပေါင်း ကုဋေ အပိုင်း(၂)(MingKit)

6.8K 448 46
                                    

MingKit ကို ဒီအောက်မှာပဲ ဆက် Update ထားတာပါနော် အောက်အထိ ဖတ်ပေးပါ ☺️☺️☺️

Ming POV

နောက်ဆုံးတော့ ကျွန်တော့ Kitkat လေးနဲ့ ပြန်တွေ့ရတော့မယ်။ စာမေးပွဲကြီးလည်း ပြီးသွားပြီ။ ဒီနေ့ကို စောင့်နေရတာ...

Kitkat လေးနဲ့ မတွေ့ရတာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက

အမြဲ P'Kit နားမှပဲ တောက်လျှောက်ရှိနေခဲ့တာကို ဟိုတပတ်ကမှ P'Kit က နှင်ထုတ်တာ...

နှင်ထုတ်တယ်ဆိုတာကလည်း အကြောင်းရှိတယ်။

ကျွန်တော် ရိုးရိုးသားသားနေတယ်ဆိုတာ သိတယ်ဟုတ် ဟီး ရိုးသားတယ်ပဲ လုပ်လိုက်

P'Kit စာကျက်နေတဲ့အချိန်ကို ကျွန်တော် ဘာမှ ကိုမလုပ်တာ

လက်ကလေး ကိုင်ရုံ

ပါးလေး ခိုးခိုးနမ်းရုံ

ခါးလေးကို လှမ်းလှမ်းဖက်ရုံ

ဒါလေးကိုပဲ P'Kit က စိတ်တိုပြီး အခန်းနှင်ဒါဏ်ပေးလိုက်တာပဲဗျာ။ စာမေးပွဲမပြီးမချင်းမလာရဘူးဆိုပြီး

ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံးက ကျွန်တော်အတွက် တကယ်ကိုငရဲပဲဗျာ။

တကယ်ပါ။ P' ရဲ့ အနံအသက်လေးကို လွမ်းနေခဲ့တာ

ဒါကြောင့် စာမေးပွဲပြီးတာနဲ့ ကားပေါ်ခေါ်တင်ဖို့ စောင့်နေတာ...

ဟော့ ထွက်လာပါပြီး Doctor Gang သုံးယောက်လုံး ငှယ် မျက်နှာတွေလည်း မကောင်းကြပါလား :3

P'Kit ကားပေါ်ရောက်လာတော့

Ming : P' စာမေးပွဲမဖြေနိုင်ဘူးမှတ်လား

Kit : ဘယ်တုန်းက ဖြေနိုင်လို့လဲ။ မတွေ့တာကြာတော့ ပိုချောလာတယ်။

Ming : အန် P' စာမေးပွဲဖြေရင်း ခေါင်းထိခိုက်သွားတာလာ... တသက်လုံးမပြောဖူးတာတွေ

Kit : ဟုတ်ပါတယ်။ အသားတွေလည်းဖြူပြီး ပိုချောလာတယ်။

Ming : ဒါကတော့ ကျွန်တော်က အခန်းထဲကနေ အပြင်မှမထွက်တာကို။ P' အခန်းထဲမှာပဲ အချိန်ကုန်တာများတော့ အပြင်တောင် မသွားတတ်တော့ဘူး

Kit : အပိုတွေက ပြောပြန်ပြီ။

P' Kit သက်ပြင်းချရင်း

You've reached the end of published parts.

⏰ Last updated: Feb 08, 2018 ⏰

Add this story to your Library to get notified about new parts!

2moons The Series(Burmese Translation)Where stories live. Discover now