စာအုပ်အတွဲ(၂) အပိုင်း(၂၆-၂) MingKit Couple

6.7K 538 8
                                    

ကျွန်တော်အခန်း ပြန်ရောက်တော့

Kit : မင်းဘာဖြစ်တာလဲ။ တစ်ခုခုကို မကျေနပ်ဘူးလား။ N'Fah နဲ့ချိန်းထားတယ်ဆို

Beam တစ်ယောက် ဘာမှ ပြန်မပြောဘဲ လွယ်အိတ်ကို ခုံပေါ်ပစ်တင်လိုက်တယ်။

Kit : ဘာဖြစ်နေတာလဲ။ ငါကိုစိတ်ဆိုးနေတာလား။

Beam : မင်းကွာ.... မင်းကိုငါရည်းစားရှာခိုင်းတာဆိုပေမယ့် အဲ့လောက်မြန်မြန်ရှာစရာမှမလိုတာ။

Kit : အန် မင်းက ဘာကို ဆိုလိုချင်တာလဲ။

Beam : ငါ မင်းနဲ့ Ming ပြောနေတာတွေ အကုန်နားထောင်နေတာ။ ကြည့်ရတာတော့ မင်းက သူကို အသည်းတစ်ခြမ်းပေးပြီးနေပါပြီ

Kit : မင်းရူးနေလား။ ဘာတွေပြောနေတာလဲ။

Beam : တကယ်ကြီးလား

Kit : အဲ့တော့ မင်းက ခုက ဘာဖြစ်တာလဲ။

Beam : အင်း သူကို လူကောင်းတစ်ယောက်လို့ ထင်ခဲ့ဖူးတယ်။ ခုမင်းနဲ့ ပြောနေတာတွေ ကြားတော့ မင်းကို ထားခဲ့ဦးမှာပဲ။ မင်းပဲ နောက်ဆုံး အသည်းကွဲကျန်ခဲ့မှာ။

Beam : သူကိုကြည့်ဦး Phana နဲ့ မယှဉ်နိုင်ပေမယ့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပဲကို

Kit : အဲ့တော့ ငါဘာလုပ်သင့်လဲ

Beam ပြန်မဖြေခင် တံခါးခေါက်သံ ကြားလိုက်ရတယ်။

ဒေါက် ဒေါက် ဒေါက် (စိတ်ပေါက်ရင် တံခါးခေါက်သံပါ ထည့်ပြန်ပေးမယ်နော် ဟီး)

တံခါးသွားဖွင့်ကြည့်လိုက်တော့

ဆရာဝန် Pha ပြီးတော့ သူ့နောက်က Ming

Pha : သူ့ အိမ်ရှေ့မှာ စောင့်နေတာတွေ့လို ငါ အထဲခေါ်လာတာ မင်းတို့ ၂ကောင်က ဘာဖြစ်နေတာလဲ။

Beam : အတော်ပဲ မင်းလာတာနဲ့ ငါပြောစရာရှိတယ်။

Pha : ပြောလေ

Beam : ငါ Kit နဲ့ ရည်းစားတွေဖြစ်နေပြီ။

Pha : ဘာ!!!! WTF လာနောက်နေတာလား။

Ming ကတော့ ဘာမှ မပြောနိုင်ဘဲ ကြောင်ကြည့်နေတယ်။

Beam : အခုပဲ ငါတို့ ချိန်းတွေ့ဖို့ ဆွေးနွေးပြီးတာ

Ming စိတ်ဆိုးသွားလေမလား။

Ming : P'Kit ဒါတကယ်လားဗျာ။ ကျွန်တော်နဲ့ ခုနမှ ပြောထားတာလေ

ကျွန်တော်က မဟုတ်ဘူး ငြင်းမလို့ရှိသေး Beam က နောက်က ဆွဲဆိတ်တယ်။

Ming ကတော့ ကျွန်တော် ဖြေတာတောင်မစောင့်ဘဲ အခန်းထဲကနေ ပြန်ထွက်သွားခဲ့တယ် (ကလေး သနားပါတယ် T.T)

Kit : Beam မင်း ဘာတွေ လျှောက်လုပ်နေတာလဲ။ ဒါ ဟာသမဟုတ်ဘူးနော် (၃)ပွင့်ဆိုင် အချစ်ဇာတ်လမ်းတွေ လာထွင်နေတာလား။

Beam : မင်းကို ငါက ကူညီမလို့လေ ငါကို ဘာလို့အဲ့လောက်တောင် စိတ်ဆိုးရတာလဲ။ (ဆိုးမှာပေါ့ သူ့ Ming ကလေး စိတ်ဆင်းရဲမှာ မကြည့်ရက်တာကို)

Kit : ဘယ်လိုကူညီတာလဲ။ မင်းက ပိုဆိုးအောင်လုပ်နေတာပဲ။

Beam : ဟားဟား သူလို လူက ဒီလိုမျိုးပြန်ထိအောင် လုပ်ရတယ်။ သူ့ အရင်ကောင်မလေးတွေကို ဘယ်လိုကစားပြီး ထားခဲ့လဲဆိုတာ ပြန်တွေးကြည့်လေ

Kit : ဟာ့ ဒါက အတိတ်ကဟာတွေလေ

Beam : အော် မင်းက သူဖက်ပါနေတာကို

Beam တစ်ယောက် လွယ်အိတ်ကို ယူပြီး တံခါးကို စောင့်ပိတ် ထွက်သွားခဲ့တယ်။

ကျွန်တော်နဲ့ P'Pha သာ အခန်းထဲမှာ ကျန်ခဲ့တယ်။

Pha : အင်း ငါက ငါ့စာရွက်တွေပြန်လာယူတာ။ မင်းကို ငါ ဒီအကြောင်းပြောချင်နေတာတော့ ကြာပြီ။

Kit : ဘာအကြောင်းလဲ။

Pha : Beam မင်းကို ကြိုက်နေတာလို့ ငါထင်တယ်။ ( ကိုဟာ့ကို P'Fouth နဲ့ သွား ဒူဒူဒူ ချည် သူများအတွဲကို )

.............................................................................
⭐️
👇👇👇 Please na 😘😘😘

2moons The Series(Burmese Translation)Wo Geschichten leben. Entdecke jetzt