စာအုပ်အတွဲ(၂) အပိုင်း(၂၇-၁)

7.8K 646 33
                                    

       

Pha : ကိုယ် Kit နဲ့ Beam ဆီ သွားပြီး ပြန်လာခဲ့မယ်။

P'Pha ဆီက Line စာရလာတယ်။ ဒါနဲ့ပဲ ကျွန်တော်သူကို Manga ဖတ်ပြီးစောင့်နေလိုက်တယ်။ တစ်နာရီကျော်သွားတဲ့အထိ ပြန်မလာ။

ဒေါက်ဒေါက်ဒေါက်

P' Pha ပြန်လာပြီနဲ့တူတယ်။

တံခါးဖွင့်ကြည့်လိုက်တော့ Ai Ming ဒင်းက ကျွန်တော်တို့နဲ့အတူ မုန့်သွားစားပြီးကတည်းက ပျောက်သွားတာ။

Yo : မင်း ဘယ်သွားနေတာတုန်း

ဘာမှ ပြန်မဖြေ။ ပခုံးကိုတောင် တိုက်ပြီး သူ့အခန်းလိုပဲ ဝင်သွားတာ။

Yo : မင်း ဘာဖြစ်နေပြန်တာလဲ။ P'Kit နဲ့ ဘာဖြစ်တာလဲ။

သူ့ဘာမှ ပြန်မဖြေ။ ရုပ်ပျက်ဆင်းပျက်နဲ့ Moon ရထားတဲ့ လူရဲ့ရုပ်တဲ့ လာကြည့်ပါဦး :P

Ming : အင်း ငါ P' Kit အခန်းကို လိုက်သွားတာ။ အဲ့မှာ P'Pha နဲ့တောင် တွေ့ခဲ့သေး

Yo : အဲ့တော့

Ming : P'Beam က ပြောတယ်။ P'Kit နဲ့ သူ ချစ်သူတွေ ဖြစ်နေကြပြီတဲ့

Yo : အန် ဟုတ်လို့လား။

Ming : ငါလည်း မသိဘူး။ အာ့ကြောင့် စိတ်ရှုပ်နေတာ

Yo : စိတ်လျှော့စမ်းပါကွာ။ သေချာလည်း မသိဘဲနဲ့

Ming : မလျှော့နိုင်ဘူးကွာ ငါနှလုံးသားတွေ ကွဲကြေတော့မယ်

Yo : ထူးဆန်းတယ်နော်

Ming : မသိတော့ပါဘူးကွာ။ ဒါ ငါ ဝဍ်လည်တာ

Yo : ဘာလိုတုန်း

Ming : တစ်ယောက်နဲ့ ချစ်သူတွေဖြစ်နေတုန်း နောက်တစ်ယောက်ကို သွားချစ်မိတာကြောင့်

Yo : အန်

Ming : မင်းနဲ့ P'Pha နဲ့ ကို တကယ်အားကျမိတယ်ကွာ ( ကလေးတို့အတွဲကို သာယာခွင့်လေးပေးလိုက်ပါ Ming ရယ်)

Ming : ငါသွားတော့မယ်။

Yo : ဘယ်သွားမလို့လဲ။

Ming : သွားသောက်မလို့

Yo : လိုက်ခဲ့မယ်လေ။

Ming : ရတယ် အင်ဂျင်နီယာဌာနက သူငယ်ချင်းတွေ ရှိတယ်။ မင်းလိုက်ခဲ့ရင် သူတို့က မင်းကို အဟင်းဟင်း

2moons The Series(Burmese Translation)Where stories live. Discover now