စာအုပ်အတွဲ(၃) အပိုင်း(၅၃-၁)

4.1K 475 19
                                    

           

Wayo POV

ဒုတိယနှစ်တောင် ပြန်စနေပြီ ကျောင်းလည်းပြန်တက်နေရပြီ။

P'Pha ကတော့ အနားမှမရှိ။ အဲ့နေ့ည ပြီးကတည်းက P'Pha နဲ့ စကားမပြောဖြစ်တာ။ P' မရှိတော့ တကယ့်ကို အထီးကျန်တာ။ အရာရာက ဘာအဓိပ္ပာယ်မှ မရှိတော့ သလိုပဲ

အဲ့ညက ကျွန်တော် အခန်းထဲမှာ စာထိုင်ရေးနေရင်း P' အကြောင်း တွေးမိတော့ ...

အခန်းထဲမှာက P' မရှိပေမယ့် P' အငွေ့အသက်တွေ၊ အကျီ င်္တွေ ၊ ဖိနပ်တွေ ၊ စာအုပ်တွေက ကျွန်တော်အားတင်းထားရတဲ့ စိတ်ကို လျှော့ချနေသလိုပဲ

မခံစားနိုင်လို့ ငိုချမိတယ်။ ဘယ်သူမှ မရှိတဲ့ ကျွန်တော်အခန်းငယ်မှာ...

Beam : ဘာလုပ်နေတာလဲ Nong Yo

P'Kit နဲ့ P'Beam က တံခါးဖွင့်ပြီးဝင်လာတယ်။ (သောက်ကလေးလေးက အမှတ်မရှိဘူး တံခါးကို သေချာပိတ်ထားရမှာ :3)

နောက်မှာက Ming နဲ့ P' Forth

Kit : ဘယ်သူ ငိုအောင် လုပ်တာလဲ Nong ကို

Forth : ပြောစမ်း၊ ဘယ်သူလုပ်သလဲ။ ပညာသွားပေးလိုက်မယ်။ ဟင်းဟင်း

Beam : ဘယ်သူရှိရမှာတုန်း၊ ဟိုမသာကောင် Pha ပဲနေမှာ

Kit : ဟုတ်တယ်။ လုံးဝကို ပျောက်သွားတာ။ သူငယ်ချင်းတွေကို ဖုတ်လေတဲ့ ငပိရှိတယ်တောင် မမှတ်ဘူး။

Beam : တွေ့မှ အသေလုပ်ဦးမယ်ယ။

Yo : အခု သူဘယ်မှာရှိလဲ P' တို့ တကယ်မသိကြဘူးလား...

Beam : မသိဘူးလေ...

P'Kit မျက်နှာကြီး နီလာပြီ... သေစမ်း ငါဟာလေ လိမ်မယ်ဆိုရင် ဒုက္ခရောက်တာပဲ

Yo : ဘာဖြစ်လို့လဲ..

Kit : အင်းပြောရမှာပေါ့။ ဒင်းကို ပညာပြန်ပေးရမယ်အချိန်ရောက်ပြီ။ ကျောင်းပိတ်ရက်တောက်လျှောက်လေ ငါတို့ကသာ စိတ်ပူနေတာ... ဒင်းက တုတ်တုတ်တောင် မလှုပ်...Beam ငါတို့ တစ်ခုခုလုပ်သင့်တဲ့ မထင်ဘူးလား

Beam : အေး ကောင်းသား ပညာ ပြန်ပေးကြမယ်။

Forth : ဘာကို ပညာပေးမှာတုန်း

Ming : နားမလည်တော့ဘူး

Kit : Pha ကလေ ဘယ်မှာမှ မဟုတ်ဘူး။ သူ့အဖေနဲ့ အမေနဲ့ ကွဲသွားပေမယ့် သူကတော့ ဒီမှာပဲ။

အမှန်တော့လေ သူကျောင်းကို မလာတာ Yo BD ကို surprise လုပ်ချင်လို့တဲ့။ အဲ့ဒါကြောင့် ကျောင်းဖွင့်ပြီး တပတ်ကျော်လောက်ကို စောင့်နေတာ...

အန် မနက်ဖြန် ကျွန်တော် မွေးနေ့... ဟုတ်သား ဟိုတွေး ဒီတွေး နဲ့ မေ့နေတာ..

Yo : P'Pha တော်တော် အကျင့်မကောင်းတာပဲ။ ဘယ်မှ မသွားပဲနဲ့ ဘာမှလည်း မပြောဘူး။ လာတောင် မတွေ့ဘူး။ ဒီမှာတော့ ဝမ်းနည်းပြီး ဘာမှ လုပ်မပေးနိုင်လို့ စိတ်ညစ်နေရတာ... လုပ်ရက်တယ်။

ကျွန်တော် ဒေါသထွက်နေတယ် ဆိုပေမယ့်လည်း တကယ်တော့ ပျော်နေတာ. P' က ကျွန်တော် ဘဝအတွက် အကောင်းဆုံးမွေးနေ့လက်ဆောင်လိုပါပဲ။ ကျွန်တော်ကို တစ်ယောက်တည်း ထားခဲ့တာမှ မဟုတ်တာ

Kit : Yo ဟိုတစ်ခေါက်က Forth လုပ်တာကို သဘောကျတယ် ပြောလို့လေ...သူလုပ်ပေးမလို့နေမှာ ...ဖယောင်းတိုင်တွေနဲ့ 55555555 ပန်းပွင့်တွေရော

နားထောင်ရတာနဲ့တင်ကို ကျွန်တာ် ပြုံးနေမိတယ်။

Yo : ဒါဆို P' ကအခုဘယ်မှာလဲ

Beam : Yo နားမှာပဲရှိတယ်။ သူတောင် ပြောသေး.... Yo ခံစားနေရတဲ့ မျက်နာကိုမြင်ရရင် ဝမ်းနည်းပြီး မျက်ရည်တွေ ကျလာတာ... ဒါပေမယ့်လည်း Yo သဘောကျမယ့် surprise လုပ်ပေးချင်လို့ သည်းခံနေတာ...

ကျွန်တော် မယုံနိုင်ဘူး ဖြစ်နေမိတယ်။ မျက်နှာကတော့ ပြုံးလို့ပေါ့

Kit : ကဲ ဒါဆို Yo ဘာလုပ်စေချင်သလဲ... သူကို ပညာပေးဖို့ကို

ကျွန်တော် Phana Collection ဓါတ်ပုံတွေကို တစ်ချက်ကြည့်ပြီး ပြုံးမိတယ်။ ကျွန်တော်တို့ နှစ်ယောက်ပုံတွေနဲ့တောင် များနေပြီးပဲ...

Phana Kongtanin ရယ် ခင်ဗျားကြီး သေပြီးသာမှတ်!!!!!!

Xxxxxxxxxxx

နေ့တိုင်း Update သွားပါမယ်နော်... ဆော်ရီးပါ...

ဒီတပတ် အပြီးသတ်ပါမယ်။ :*

2moons The Series(Burmese Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ