စာအုပ်အတွဲ(၃) အပိုင်း(၅၂-၂)

4.9K 580 39
                                    

ကျွန်တော် အိမ်ရှေ့ရောက်သောအခါ...

P'Pha ကို အမှောင်ထဲကနေ အိမ်ကို ရပ်ကြည့်နေတာကို တွေ့လိုက်ရတယ်။ Ming ကား အိမ်ရှေ့ ကားထိုးလိုက်တာနဲ့ အိမ်ကလူတွေက တံခါးလာဖွင့်ပေးတယ်။ ဒါပေမယ့် ကျွန်တော် ချက်ချင်းကားပေါ်ကဆင်းပြီး P ဆီ အမြန်ပြေးသွားလိုက်တယ်။

P' ကတော့ ကျွန်တော် ပြေးလာတာကို ကြောင်တောင်တောင်နဲ့ ရပ်ကြည့်နေတယ်။ ကျွန်တော် သူ့လက်ကို ဆွဲပြီး အိမ်ရှေ့ဖက်နားကနေ ထွက်လာခဲ့လိုက်တယ်။ တခြားသူတွေ ဘယ်လိုပဲကြည့်နေ ကြည့်နေ

အိမ်နားက ပန်းခြံနားကို ရောက်တော့...

Yo : ကျွန်တော် အခု တကယ်စိတ်ဆိုးတယ်နော်

ဒန်းမှာထိုင်ရင်း ကျွန်တော် စကားစလိုက်တယ်။

Yo : အိမ်အထိ အရောက်လာပြီး ဘာလို့မတွေ့ဘဲ ပြန်ပြန်သွားတာလဲ။

Pha : ကိုယ်တောင်းပန်ပါတယ်။ ကိုယ်ပြဿနာတွေထဲ Yo ကို ဆွဲမထည့်ချင်ဘူးလေ

ကျွန်တော် သူမျက်နှာကို သေချာကြည့်မိတော့ အရင်က ချောမောတဲ့ P' မျက်နှာက ဝမ်းနည်းတဲ့ အရိပ်အယောင်တွေ သန်းလို့

Pha : ကိုယ် ပြဿနာက ဒီတစ်ခေါက်တော်တော်ကြီးတယ်။ အစက ဒီလိုရန်ဖြစ်ပေမယ့်လည်း ပြန်တည့်မယ်ပဲ ထင်ထားတာ။ အခုက ကွဲတော့မလိုဖြစ်နေပြီ

P' က ကျွန်တော်တို့ အရှေ့ဖက်မှာ ရှိတဲ့ မြစ်ကို မျှော်ကြည့်ရင်း

Pha : မေမေက ကွဲဖို့လုပ်နေတယ်။ အဖေကတော့ လက်မခံသေးဘူး။

....

Pha : ပြီးတော့ U.S သွားရဖို့ အခြေအနေဖြစ်နေတယ်။ ကိုယ်တကယ်မသွားချင်ဘူး။

Pha : အိမ်ကိုလည်း Yo အကြောင်းပြောထားတယ်။ ပြီးတော့ ထိုင်းက ကိုယ်အိမ်ပဲလေ ဘယ်မှမသွားချင်ဘူး။

P' က ကျွန်တော် အကြောင်း အိမ်ကို ပြောတယ်တဲ့လား။

Pha : အခုက အဖေနဲ့ အမေနဲ့တင်မဟုတ်ဘဲ ကိုယ်နဲ့ပါ ပြဿနာတတ်နေတာမို့ပါ။

P' Pa တစ်ယောက် ဒန်းပေါ်ကနေ ဆင်းပြီး ကျွန်တော် ရှေ့မှာ ဒူးထောက်ထိုင်လိုက်တယ်။

2moons The Series(Burmese Translation)Where stories live. Discover now