စာအုပ်အတွဲ(၃) အပိုင်း(၅၃-၂)

3.9K 511 27
                                    

Phana POV

ကျွန်တော် US မသွားပါဘူး။ ဘာလို့သွားရမှာလဲ။ ဒီမှာလည်းအဆင်ပြေနေတာကို။ မသွားတာတော့မဟုတ်ဘူး။ အမေနဲ့ ၂ရက်ပါသွားတာ။ ပြီးတော့ ဟိုမှာ ဂျီကျတာ မခံနိုင်လို့ ပြန်လွတ်လိုက်တာ။ ကွာရှင်းစာချုပ်တောင် အဖေဆီပို့ပေးမယ် စကားပါးလိုက်သေး။

ကျွန်တော်လည်း ကလေးမှ မဟုတ်တော့တာ။ ပြီးတော့ ချစ်ရသူကော သူငယ်ချင်းတွေကော ဒီမှာကို

အဖေနဲ့ အမေလမ်းခွဲတာကို ဝမ်းနည်းပေးမယ့်လည်း ဒီလိုကြီးဆက်သွားနေလို့မှ မဖြစ်တာ။ ဒါပေမယ့်လည်း ကျွန်တော်တစ်ောက်တည်းမှ မဟုတ်တော့တာလေ။ ကျွန်တော်နဲ့အတူ ရင်ဆိုင်မယ့်လူရှိပြီးသား။ အခု ကျွန်တော် ချောင်းကြည့်နေတဲ့ ကောင်လေးပေါ့။ မွေးနေ့ရှင်လေး

ဒီနေ့က Wayo ၁၉နှစ်ပြည့် မွေးနေ့။ ကျွန်တော် ထင်ထားတာက သူ ဝမ်းနည်းတဲ့ ရုပ်ကလေးနဲ့ နေမယ်ပေါ့။ အဲဗျာ မဟုတ်ဘူး။ ပျော်လို့ ရွင်လို့ လိုက်တောင် ပြုံးပြနေတယ်။

အန် နေပါဦး။ သူ ကျွန်တော်ကို လွမ်းနေတာမဟုတ်တ်ဘူးလား။ အမှန်ဆို လွမ်းနေရမှာလေ။ စိတ်ညစ်နေတဲ့ပုံဖြစ်ရမှာကို ( အေးအေး ကောင်းတယ် ဘယ်လိုရည်းစားက ကိုယ်ချစ်သူကို စိတ်ညစ်နေချင်တာတုန်း ငါနော်)

ဒါမှ မဟုတ် ကျွန်တော် မသွားတာ သိသွားလို့လား။ ဒါတော့ မဖြစ်နိုင်ပေါင်။ ဟိုနှစ်ကောင်က လိမ်ပေးထားမယ် ပြောတာကို

အခန်းထဲမှာ ဖယောင်းတိုင်တွေ ထွန်းစောင့်ပြီး Surprise လုပ်မှာ ငိငိ

အန် နေပါဦး Yo ဆီကို ဘယ်သူ လမ်းလျှောက်လာတာတန်း။ ရုပ်ကတော့ သန့်လိုက်တာ။

ဟွန့် Yo က ရယ်မောပြောရွှင်ပြီး စကားပြောနေတယ်။ Yo ရယ် ချစ်သူချောချောကဒီမှာလေ ဘယ်သူသွားရှာနေတာတုန်း

စိတ်တိုတွေပြီး ကားဟွန်းကို လက်နဲ့သွားထုမိတယ်။ သေစမ်း

Yo ကော ဟိုကောကော ကျွန်တော် ကားကို လှမ်းကြည့်နေတယ်။ ကျွန်တော် ကြောက်လန့်ပြီး အောက်ငုံလိုက်ရတယ်။ အန် ငုံစရာမှ မလိုတာ။ မှန်က အနက်တွေကြီးကို ဘယ်လိုလုပ်မြင်ရမှာတုန်း (အိမ်း ချောပေးမယ့် ပေါတာက ပိုများနေတယ် အယ်ကို)

ကျွန်တော် သူတို့နှစ်ယောက်ကို ပြန်လှမ်းကြည့်လိုက်တော့ ဟိုကောင်က ဖုန်းထုတ်နေတယ် သေချာတယ်။ ဒါ Yo ဖုန်းနံပါတ်ကို တောင်းတာပဲဖြစ်ရမယ်။ Yo ကလည်း ရယ်မောပြီး ပြန်ပြောနေတယ်။

ဂါး ဟိုလဒတွေကို မေးမှ ရတော့မယ်။ Beam ဆီမေးမယ်။

Beam : ဟယ်... (စကားမဆုံးမီ)

Pha : မင်းအခုဘယ်မှာတုန်း

Beam : ကျောင်းက Lab ခန်းထဲမှာလေး။ ဘာဖြစ်တာလဲ။ ဒီနေ့ Yo မွေးနေ့နော်။

Pha : ခုချက်ချင်း အတန်းထဲက ထွက်ပြီး Yo ဆီလာခဲ့။ ခွေးပါခေါ်လာ။

Beam : အန် ဘာဖြစ်လို့လဲ။

Pha : ဒီမှာ ငါမိန်းမကို ဖုန်းနံပါတ်တောင်းနေတဲ့ လဒကောင်ရှိနေတယ်။ လခွမ်းကွာ ငါကို ထပ်ခါထပ်ခါတွေးမိအောင်လာမလုပ်နဲ့။

ဟုတ်တယ် စဉ်းစားလိုက်တာနဲ့ ဒေါသက အလိပ်လိုက်

Beam : မင်းကလည်းကွာ Wayo ဒီလောက်ချစ်ဖို့ကောင်းတာလည်း အသိကို

Pha : အေးလေ သိတယ်။ ဒါပေမယ့် အခုဟာက Yo က ဖုန်းနံပါတ် ပြန်ပေးမယ့်အခြေအနေမို့....

ကျွန်တော်လေ surprise လုပ်တာပဲ ရပ်လိုက်ရမလား။ မြင်လိုက်တယ်။ ဖုန်းနံပါတ် ရိုက်ပေးလိုက်တာကို... ပြုံးရယ်ပြီးတော့...

အမှန်ဆို ည ၈နာရီဆို surprise လုပ်မှာကို...ခုမှ ၄နာရီပဲရှိသေးတယ်။

ပြီးတော့ Forth ကလည်း အကူအညီတောင်းမလို့ကို ဖုန်းမကိုင်။ Kit ကောပဲ။ Ming ဖုန်းနံပါတ် တောင်းပါမယ်ဆိုမှ....ဒီနေ့ ဘာဖြစ်နေတာတုန်း။ တစ်ခုမှ အဆင်မပြေဘူး။

ဒါနဲ့ Yo အိမ်နားကားမောင်းလာတော့....

အာ့ ထပ်တွေ့ပြန်ပြီး Yo ကိုကောင်ချောချောလေး တစ်သိုက်နဲ့ စကားပြောနေတာ။ အစကတော့ သူဆီ သွားပြီး ဟိုကောင်တွေကို ဆွဲထိုးမလို့ပဲ။ ဒါပေမယ့်လည်း Yo က အေးဆေးကို စကားပြောနေတာ...ဟုတ်ပါပြီး။ Yo ပျော်ပါစေ T.T

ဒါ ဘာဖြစ်တာလဲ။ ရက်နည်းနည်းလေး မတွေ့တာနဲ့ Yo က ဒီလိုပဲ ပြောင်းလဲသွားနိုင်လား။

မဖြစ်နိုင်ဘူး။ Yo က ကျွန်တော်ကို ချစ်လာတာ ကြာပြီ။ ကျွန်တော်ကို မစောင့်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါပေမယ့်လည်း သူအခု လူတိုင်းကို ပြုံးပြနေတယ်။ မျက်လုံးတွေကို ပိတ်တဲ့ အထိကို ပြုံးပြနေတာ။ သိပ်ကို ပျော်နေတဲ့ ပုံနဲ့...

အား.........ရူးသွားတော့မယ် ထင်ပ...

xxxxxxxxxxxxxxxxxxx

အိမ်း J Lion ကြောင့် ဘာသာပြန်တဲ့ လူလည်း ရူးနိုင်ပါတယ်။ ဟိုပြော ဒီပြောနဲ့ လခွမ်း

ကဲ ထုံးစံအတိုင်း ကြယ်လေးနဲ့ comment လေးတွေ ထားခဲ့ပါဦိး

2moons The Series(Burmese Translation)Where stories live. Discover now