သူ့နဲ့တစ်ညတာဖြတ်သန်းခြင်း အပိုင်း(၁) (FouthBeam Couple)

7K 684 53
                                    

       


ကျွန်တော် လူတော်တော်များများရဲ့ သွေးကိုမြင်ဖူးတယ်။

ဒါပေမယ့် P' Fouth သွေးကို မြင်တော့ ကျွန်တော် ကမ္ဘာ့ကြီးပျက်သွားသလိုပဲ သူ့ဒါဏ်ရာရသွားတာကို ကျွန်တော် ခံစားနေသလိုပဲ။ ကိုယ်မှာမဟုတ်ဘူးနော်။ ရင်ဘတ်ထဲက နာကျင်နေတာ

ကျွန်တော် ကိုယ်တိုင် ထိခိုက်အောင် လုပ်တဲ့သူဖြစ်နေတော့ ပိုခံစားရတယ်။

ပြီးတော့ P'Fouth လဲကျသွားတာ။ မေ့နေတာ။ ဆေးရုံကို ခေါ်လာတဲ့ အထိ ကျွန်တော် ဘေးမှာ တောက်လျှောက်ရှိနေတာ

အမှန်တော့ ကျွန်တော် ကြောက်နေမိတာပါ။ တစ်စုံတစ်ခုကို ဆုံးရှုံးရမှာကို။

Lam : Beam

Lam တစ်ယောက်လှမ်းခေါ်ပြီး P'Fouth ဆေးရုံကားနဲ့ လိုက်သွားဖို့ပြောတယ်။

Lam : စိတ်မပူပါနဲ့။ ဘာမှမဖြစ်ဘူး။

Beam : ငါကြောက်နေမိတယ်။ ဒါတွေအားလုံးငါ အပြစ်တွေပဲ။

Lam လည်း ကျွန်တော်အကြောင်းကို သိနေပြီးသားလူပါ သူ့က ဘာလို့ ဒီလိုမျိုး ပျော်ပွဲစားကို လိုက်လာတဲ့အချိန်ကတည်းက သိနေတာ (ချစ်နေရင်လည်း ချစ်တယ်ပေါ့။ အကိုရော ကိုပါးချိုင့်ကော စွန်းမူတယ်)

ဆေးရုံမှာ စောင့်နေတဲ့အချိန်တောက်လျောက်လည်း စိတ်ပူနေတာ အခုတော့ ရင်ထဲနည်းနည်းအေးသွားတယ်။

သူ့ ကျွန်တော်ကို ပြုံးပြနေတာမို့။

အင်း ပြောရမှာတော့ ခက်ရှက်ရှက်ပဲ။ ကျွန်တော် သူ့ချစ်သူဖြစ်ဖို့ သဘောပါ တူလိုက်တယ်။ (ခုကျတော့လည်း မြန်ချက်)

ခု Fouth ဆေးရုံးကဆင်းတော့ အိမ်ပြန်တဲ့လမ်းမှာ

Fouth : ဟေ့ ဘာတွေ ပြုံးပြီးစဉ်းစားနေတာလဲ။

မေးတဲ့လူက တခြားတော့မဟုတ် ကျွန်တော့ ချစ်သူ အသစ်စက်စက်

Beam : ဘာမှမတွေးပါဘူး။ ဒါနဲ့ ဒါဏ်ရာကော နာနေသေးလား

Fouth : အင်း အမှန်အတိုင်းပြောရမလား။ မင်းစိတ်ချမ်းသာအောင်ပြောရမလား။

Beam : သေတော့မယ်။ အမှန်အတိုင်းပြော။

Fouth : အင်း နည်းနည်းနာတယ်။ ဒါပေမယ့် အဆိုးရွားကြီးမဟုတ်ပါဘူး။ ကျင့်သားမရှိသေးလို့ ခေါင်းမှာ ပတ်တီးနဲ့က။

2moons The Series(Burmese Translation)Where stories live. Discover now