စာအုပ်အတွဲ(၃) အပိုင်း(၅၀-၃)

3.2K 398 16
                                    

           

Phana : ဟာ မင်းတို့က ငါတို့တွေ ရှေ့မှာတောင် ချစ်ကြည်နူးတစ်တီတူး နိုင်ကြသေးတယ်။

မသာကောင် Phana က ချုံပုတ်ကြားထဲက ထွက်လာတယ်။ ပြီးနောက် သူနောက်က Nong Yo

Nong Yo ကြည့်ရတာတော့ ကျွန်တော်တို့ကို အားနာနေတဲ့ပုံ ဟိုလဒသာ ရုပ်က အဖြီးလိုက်နဲ့

Phana : မင်းရဲ့ surprise လုပ်နည်းလေး ပေးငှားဦး ဟိုကလေးက ဒဲ့တွေ ကြွေနေတာ

Forth : မငှားနိုင်ပါဘူး နေပါဦး မင်းတို့က ဘာလာရှုပ်တာလဲ

Yo : ကျွန်တော် တောင်းပန်ပါတယ်နော် P' Forth ချောင်းကြည့်နေဖို့ မရည်ရွယ်ပါဘူး

Forth : ထားလိုက်ပါတော့ကွာ

ဒါနဲ့ပဲ ကျွန်တော်တို့ အားလုံးကို ပြန်ရှင်းလင်းကြတယ်။ ပြီးတော့ အခန်းကို ပြန်တော့

အခန်းဝမှာ စောင့်ကြိုနေတာက...

အဖြူရောင် A4 စာရွက်

အားလုံး ဒီနေ့ အပြင်မှာအိပ်ပါ။ ကျွန်တော်နဲ့ P' Kit ကို မနှောက်ယှက်ပါနဲ့

လဒကောင် Ming ကတော့လုပ်ချလိုက်ပြန်ပြီ

Yo : ဒါဆို ကျွန်တော်တို့ ဒီနေ့ အပြင်မှာအိပ်ရမှာလား P'Pha

ကျွန်တော်နဲ့ Beam သက်ပြင်းသာချမိတယ်။

တံခါးကို ချိုးဖျက်ဝင်ချင်ပေမယ့်လည်း အထဲမှာ ဘာတွေလုပ်နေကြမှန်းသိတာမဟုတ်

ဒါနဲ့ပဲ အပြင်မှာပဲ အိပ်လိုက်ရတဲ့ ဘဝတွေ

အိမ်အပြင်ဖက်မှာ ခုံတွေကို တန်းစီလိုက်ရတယ်။ ဒါပေမယ့် ရှိတာက ခုံ (၃)ခုံတည်း။ တစ်ခုစီကလည်း သေးသေးလေးတွေ

Pha ကတော့ ဥာဏ်ပြေးတယ်။ ကျွန်တော်တို့ ကောင်းကောင်းအိပ်ကြဆိုပြီး တစ်ယောက်တစ်ခုံစီပေးတယ်။ သူနဲ့ Wayo နဲ့က တစ်ခုံ။

တစ်ခုံတည်းဆိုတော့ Wayo က Phana ရဲ့ ခြေထောက်ကြားမှာ ထိုင်ရတယ်။ Phana ရင်ခွင်ကို မှီပြီး

Phana ကတော့ ကျွန်တော်တို့ကို ဖုတ်လေတဲ့ ငပိရှိတယ်လို့တောင် မထင်

အတော်မရှက်မရှိတဲ့ကောင်ဗျာ။ Wayo ကို မမောမပန်းနိုင် နမ်းနေတာ

ကျွန်တော် အခန်းနားကနေ ဖွင့်ထားတဲ့ အရက်ပုလင်းကို ယူပြီး ပြန်လာတော့ Beam က အိပ်နေပြီ သနားပါတယ်။ စာမေးပွဲပြီးကတည်းက ကောင်းကောင်းအိပ်ရမယ်ပုံလည်း မပေါ်ဘူး။ ကျွန်တော် သူဘေးနားက ခြင်တွေရှိလား ကြည့်တော့ တော်သေးတယ် မရှိ

Wayo ကလည်း Phana ရင်ခွင်ထဲမှာ အိပ်မောကျနေပြီ။ Phana ကတော့ ဖုန်းပွတ်နေတယ်။

Forth : မင်းတကယ်ပဲ အခြောက်ဖြစ်ပြီနော်

Phana : မင်းသာ ဒီလိုမျိုးသွားစမ်းကြည့်ပါလား။ အဲ့တော့မှ သိလိမ့်မယ်။ နောက်ပြီး ခရီးတွေ အတူသွားတိုင်းလည်း ငါပဲကုန်ကျခံပါမယ်ကွာ ကတိအတိုင်း

Forth : အေးနော် ကတိမဖျက်နဲ့

ကျွန်တော် ပြောရင်း Beam လက်ကို လှမ်းကိုင်လိုက်တယ်။

Phana : F**k

Forth : ဘာဖြစ်တာလဲ။ Phana

Phana : ဘာမှ မဖြစ်ပါဘူး။

သူမျက်နှာကြည့်တော့ ဒေါသထွက်နေတဲ့ပုံ

Phana : အင်း အရင်လိုပါပဲကွာ

Forth : မင်း ငါကို ပြောပြလို့ရတယ်နော်။ မင်းသူငယ်ချင်းတောင် ငါချစ်သူဖြစ်နေပြီပဲ

Beam က ကျွန်တော်လက်ကို အသာလေး လက်ဆုပ်လိုက်တယ်။ သူမအိပ်သေးဘူးပဲ။ သူ့လည်း Phana ဘာဖြစ်လဲသိချင်နေပုံပဲ။

Phana လို လောကမှာ ကံအကောင်းဆုံးလူက ဘယ်လိုပြဿနာတွေ ရှိနေပြန်တာလဲ။

Phana : အင်း ငါ အဖေနဲ့ အမေနဲ့ ရန်ဖြစ်ပြန်ပြီ...

..........................................................

ဆော်ရီးပါ မနေ့ကတည်းက ထည့်ပြန်ရမှာ အဲ့လောက်တိုမှန်း မသိလို့ရယ်

အချိုကျွေးတာလေးရပ်ပါမယ်။ :P

ပြီးတော့ ကလေးနှစ်ယောက်ကို စုံတွဲလိုက် ဆုရစေချင်ပါတယ်။ ဒီအော်သာကို ကြယ်မပေးချင်နေပါ။ ကလေးနှစ်ယောက်ကို vote လေးနေ့တိုင်းပုံမှန်ပေးပေးပါနော်... please

2moons The Series(Burmese Translation)Where stories live. Discover now