စာအုပ်အတွဲ(၃) အပိုင်း(၅၀-၁)

4.6K 851 60
                                    

           

Yo က Single မဖြစ်နိုင်ပါဘူး။ ဘယ်သူက ခွင့်ပြုလို့လဲ။ ကျွန်တော် တစ်ယောက်လုံးရှိရဲ့နဲ့ဗျာ။ ကျွန်တော်သေတဲ့နေ့မှ Yo ကို Single ဖြစ်မှာ။

အခုလည်း Yo ကို ဒီလိုဆက်ပြီး မဆက်ဆံချင်တော့ဘူး။ အလောင်းအစားလုပ်ထားတာ ရှုံးလို့သာ။ ဘယ်သူက ကိုယ်ချစ်သူကို မသိချင်ယောင်ဆောင်ပြီး နေနိုင်မှာလည်းဗျာ။

အခုတော့ Yo က စိတ်ဆိုးသွားပြီ။ ကျွန်တော်ကိုလည်း အဖက်မလုပ်တော့ဘူး။ မျက်နှာကိုတောင် မကြည့်တော့တာ။ ဒါနဲ့ပဲ ကျွန်တော် အပြင်ထွက်ပြီး ဘီယာသောက်နေလိုက်တယ်။

အပြင်မှာတော့ အတော်ကို မှောင်နေတာ အားလုံးကအထဲမှာပဲ ကျွန်တော်ပဲ Yo ကြောင့် ဝမ်းနည်းလို့ အပြင်ထွက်ထိုင်နေတာ

အမှန်တော့ ကျွန်တော် အပြုအမှုကြောင့် Yo ဒီလိုဖြစ်တာပါ။ ကျွန်တော် နားလည်ပါတယ်။မနက်ဖြန် ဘယ်လို ပြန်ချော့ရမှာပါလိမ့်။

အနောက်က အသံကြားလို့ လှည့်ကြည့်လိုက်တော့ Yo ... Mng နဲ့အတူ အပြင်ထွက်လာတာ.. ကျွန်တော်ကို တွေ့တော့ မျက်နာလွဲသွားပါလေရော်

အယ် ဒီအချိန် ကြီး ဘယ်သွားကြမလို့ပါလိမ့်။ ညတောင် (၁၀)နာရီ ထိုးနေပြီကို

ဟေ့ ဘယ်သွားကြမလို့လဲ။

Yo က လှည့်တောင် မကြည့်။ Ming ကသာ

Ming : မသိဘူး ...:P Yo အတင်းခေါ်နေလို့

ကျွန်တော် ချက်ချင်းပဲ ဘီယာအကုန်မော့ပြီး အခန်းထဲဝင် ဆိုက်ကယ်သော့ ရှာလိုက်တယ်။

ပြီးတော့ အပြင်ပြန်ထွက်တော့ Forth က

Forth : မင်းဘယ်သွားမလို့လဲ

Phana : Yo နောက်ကို... မင်းတို့ အခြောက်ခေါ်လည်း ခံမယ်ကွာ

Ming က Yo ကို ကမ်းခြေနားက ကော်ဖီဆိုင်ကို ခေါ်သွားတာပဲ။ ဆိုင်လေးက ချစ်စရာလေး နာမည်ကလည်း အချစ်ကို ရှာဖွေခြင်း တဲ့...

Yo က Ming ကို သောက်စရာတောင် သွားမှာခိုင်းပြီး ခုံမှာထိုင်နေတယ်။ ကျွန်တော် ရောက်လာတာ သူတို့ နှစ်ယောက်လုံး မသိဘူးပဲ Ming ဒီဖက်လာတုန်း သူ့ကော်လံကို ဆွဲပြီး ဒီဖက်ကို Yo မမြင်အောင် ဆွဲခေါ်လိုက်တယ်။ Ming ကတော့ ကျွန်တော်ကို တွေ့တာ ဘာမှကို မဖြစ်တာ အေးဆေးပဲ... နေနှင့်ဦးပေါ့ Mingkwan ရယ်

2moons The Series(Burmese Translation)Where stories live. Discover now