Ep 1

6K 228 1
                                    

'Not sure if you know this
But when we first met
I got so nervous
I couldn´t speak
In that very moment
I found the one and
My life has found its missing piece"

သူမအကြိုက်​ဆုံး  Beautiful in white  သီချင်း​လေးက မင်္ဂလာခန်းမထဲမှာ ပျံꨵလွင့်​​နေသည်​။
မှတ်​မိပါ​သေးသည်​။

'ငါမင်္ဂလာ​ဆောင်​ရင်​  အဖြူ​ရောင်​ဂါဝန်​ရှည်​ကြီးကိုဝတ်​  ဆံပင်​​လေးကို​ကောက်​  ပီးရင်​​ခေါင်း
ထက်​မာcrown​လေးနဲ့   အဖြူ​ရောင်​ပဝါပါး​လေးကို​နောက်​မှာချ    အာ့လိုroဆန်​ဆန်​​ဆောင်​မှာ´ 

ဟု က​လေးအ​တွေးဖြင့်​​   ပြောခဲ့​သော  သူမစကားများ  နားတွင်​ပြန်​ကြား​ယောင်​မိကာ    ပြုံးမိပြန်​သည်​။

လက်​​တွေ့တွင်​လည်း   သူမစိတ်​ကူးထဲကအတိုင်း  အဖြူ​ရောင်​သတို့သမီးဝတ်​စုံဖြင့်​  အမှန်​ပင်​လှပ​နေသည်​။  သူမ​ဘေးတွင်​  အဖြူ​ရောင်​သတို့သားဝတ်​စုံနဲ့  ခန့်​ညား​နေ​သောသူမရဲ့ချစ်​သူကို  လက်​ချိတ်​ထားကာ   ဧည့်​သည်​များကိုလိုက်​လံနှုတ်​ဆက်​​နေသည်​။

မိမိစိတ်​ထင်​လို့လားပင်​မသိ   သူမမျက်​နှာမှာ   ဟန်​​ဆောင်​ပြုံးကိုသာ​  တွေ့​နေရသ​ယောင်​။  အမှန်​ဆို  သူမ​ပျော်​ရွှင်​​နေသင့်​သည်​။  စူး​အောင့်​​နေ​သော  မိမိရင်​ဘတ်​အား  လစ်လျူရှုကာ  ဤမင်္ဂလာပွဲကို  တက်​ဖြစ်​​အောင်​လာတက်​ခဲ့သည်​။

လာရမှာ​ပေါ့။ ကျွန်​မအချစ်​ဆုံး  သူမကိုယ်​တိုင်​ ဖိတ်​ထားခဲ့သည်​မဟုတ်​လား။

ဘေးနားတွင်​  ထိုင်​​နေ​သောကြယ်​စင်​ချိုမှ

'နင်​အဆင်​​ပြေရဲ့လား´

ဟု နှစ်​ဦးသားကြားရရုံ​  လေသံဖြင့်​​ မေးလာသည်​။ ကြယ်​စင်​သာ  ကျွန်​မအားနားလည်​နိုင်​သူဖြစ်​သည်​။

ကြယ်​စင့်​အ​မေးကို  အပြုံးယဲ့ယဲ့ဖြင့်​သာ  အ​ဖြေပြန်​​ပေးဖြစ်​သည်​။

အခုထိုင်​​နေ​သောစာပွဲဝိုင်းမှာ  ခန်းမ​ထောင့်​​လေးတစ်​​နေရာရှိ  စားပွဲတွင်​ဖြစ်​သည်​။
ယခုမှပြန်​ဆုံဖြစ်​​သော  ငယ်​သူငယ်​ချင်းများ  တွတ်​ထိုး​နေကြသည်​။ တစ်​ခါတစ်​​လေ ကျွန်​မပါ  စကားဝင်​​​ပြောရသည်​။

Promise me for tomorrowWhere stories live. Discover now