Ep 8

2.1K 169 11
                                    

လွဲမှားခြင်းတို့ရဲ့အစ

ဖောင်​​တော်​ဦးပွဲက​နေ အိမ်​ပြန်​​ရောက်​​တော့ တီချိုနဲ့​တောင်​ စကားမ​ပြောဖြစ်​။ ကိုယ့်​အခန်း
ကိုယ်​သွားကာ စိတ်​ညစ်​ညစ်​နဲ့ အိပ်​ လိုက်​သည်​။နောက်​မှဘဲ သူမအိမ်​သွားကာ အကျိုးအ​ကြောင်း
ရှင်းပြ​တော့မည်​။

"သမီး​ရေ....ထထ.."

"အွန်း......." အိပ်​ချင်​စုံမွှားဖြင့်​နိုးလာသည်​။

"သမီး​ဖေ​ဖေ အသည်းအသန်​ဖြစ်​လို့။
တီချိုတို့လိုက်​သွားရမယ်​"

"ရှင်​"

"ထ....အဝတ်​အစား​တွေ ထည့်​စရာရှိတာထည့်​"

ဖေ​ဖေဘာမှမဖြစ်​ပါ​စေနဲ့။ မိမိမှာ တွယ်​တာစရာ​ဆွေမျိုးရင်းချာဆိုလို့​ ဖေ​ဖေနဲ့တီချိုဘဲရှိတာ။
ဖေ​ဖေဘာမှမဖြစ်​ရဘူး။

ဟို​ရောက်​​တော့​ ဖေ​ဖေ့ကို တင်​ထား​သော​ဆေးရုံကို ချက်​ချင်းလိုက်​သွားရသည်​။ ဆရာဝန်​ကြီး ​ပြောပုံအရဆို​ ဖေ​ဖေက စိုးရိမ်​စရာသိပ်​မရှိ​တော့​ချေ။

ဖေ​ဖေက ဆီးချိုသမားဆို​တော့ Hypoglycemia
(​သွေးတွင်းသကြားဓာတ်​နည်းခြင်း)ဖြစ်​ပြီး
တိုက်​ခန်းထဲ​မှာ မူးလဲ​နေတာ။ ဘေးအိမ်​က
မုန့်​လာ​ပို့​တော့​ သော့ခတ်​မထားတာနဲ့
ဝင်​ကြည့်​ပြီး​ ဖေ​ဖေ့ကို​တွေ့​တော့
ဆေးရုံတင်​​ပေးထားရတာ။

အ​ရောက်​​နောက်​ကျပါက​ သေသွားနိုင်​သည်​တဲ့။ဖေ​ဖေက တစ်​​ယောက်​တည်း​နေတာလည်းဖြစ်​ပြန်​​ယောကျာ်းသားလည်းဖြစ်​ပြန်​​တော့
အစားအ​သောက်​က သိပ်​ပုံမှန်​မဟုတ်​။
ဆေးလည်းပုံမှန်​​မ​သောက်​။ သာမန်​ဆို ဆီးချိုက
မ​ကြောက်​ရ​ပေမယ့်​ အစားအ​သောက်​မဆင်​ခြင်​ရင်​​တော့မလွယ်​။

ဖေ​ဖေ့နားမှာ မိမိရှိ​နေမှကိုဖြစ်​မည်​။ တီချိုက​တော့ ထီလာအိမ်​ပြန်​သွားပြီ။ မိမိက​တော့
ဖေ​ဖေ့အနားမှာ​ နေရင်း ဆယ်​တန်းပြန်​​ဖြေရမည်​။

ကျော့နဲ့မ​တွေ့ဖြစ်​​တော့တာကြာပြီ။
သူမ​​အ​ကြောင်းလည်း သိပ်​မကြားရ။
သူမအ​ဖေက ယခုဆို​ဆေးပင်​စင်​ယူထားရတယ်။

Promise me for tomorrowWhere stories live. Discover now