Ep15
2K 189 23
မှောင်​မည်း​နေတယ်
ကိုယ့်​လက်​ကို  ကိုယ်​ပြန်​ကြည့်​တာ​တောင်​မှ
မမြင်​ရဘူး
ရှေ့တည့်​တည့်​မှာ​တော့  ခပ်​မှိန်​မှိန်
အလင်းတန်း​လေး  ​တွေ့​နေရတယ်
အလင်းတန်းလာရာကို  စမ်းတဝါးဝါး
လျောက်​သွားရင်း   တစ်​ဖြည်းဖြည်းနဲ့
အရာတစ်​ခုခုနဲ့​  ဝေးလာသလိုမျိုး
ရင်​ထဲတင်းကြပ်​လာတယ်
ဒါ​ပေမယ့်​လည်း အာ့တစ်​စုံတစ်​ရာကိုလက်​လွှတ်​ပြီး​ရှေ့ဆက်​သွားမိ​နေတုန်းဘဲ
တစ်​ဖြည်းဖြည်းနဲ့ အလင်းတန်းလာရာ
နေရာကို သဲသဲကွဲကွဲ မြင်​လာရတယ်
လေေ​ပြတစ်​ချက်​အ​ဝှေ့မှာ ပန်းရနံ့​​လေးက နှာဖျားကို ကြည်​စယ်​သွားတယ်
အလင်း​ရောင်​​အောက်​မှာ ပန်း​တွေနဲ့အတူ
ရောင်​စုံလိပ်​ပြာ​လေး​တွေ ပျံဝဲ​နေတယ်
တစ်​ချက်​တစ်​ချက်​ စမ်း​ချောင်း​ရေစီးသံ
ံမျိုး​လေး ကြား​နေရတယ်
သိပ်​ကိုလှပတဲ့​နေရာကို​ ရောက်​​တော့မယ်​ဆိုတဲ့အသိက  စိတ်​ကို​ပျော်​ရွှင်​​စေ​ပေမယ့်
နှလုံးသားက​တော့ စူး​အောင့်​​နေတယ်
အ​ကြောင်းပြချက်​ကင်းမဲ့စွာ​ပေါ့
ရှေ့နည်းနည်းလှမ်းလိုက်​ရင်
သိပ်​ကိုလှတဲ့ထို​နေရာကို
ရောက်​​တော့မယ်
ထိုအချိန်​မှာ ရှိုက်​သံသဲ့သဲ့ရယ်
ရင်းနှီး​နေတဲ့အသံ​သေး​သေး​လေးက
ဝိုးတဝါး  နားထဲ ကြားလိုက်​ရတယ်
နှလုံးသားက အသက်​ရှုလို့မရ​အောင်​ကို
စူး​အောင့်​လာတယ်
ပါးပြင်​ကပါ  ရုတ်​တရတ်​  စိုစွတ်​လာတယ်
ဘယ်​သူ့အသံမို့လို့လဲ.....
ပြန်​လာပါ​ပြော​နေတဲ့  ထိုအသံ​လေးအတွက်​နဲ့
အ​မှောင်​ထဲကို   ပြန်​သွားကြည့်​ချင်​မိတယ်​....
ဒါ​ပေမယ့်​လည်း​  ရှေ့မှာက  သိပ်​ကိုလှပတဲ့​နေရာတစ်​ခုက  ရှိ​နေ​သေးတယ်
Promise me for tomorrowWhere stories live. Discover now