Ep16

2.1K 192 21
                                    

"သမီးရဲ့ အ​ခြေအ​နေက   ​တော်​​တော်​​လေး
ကောင်းလာ​နေပြီ။  ဆေးရုံဆင်းချင်​ရင်
ဆင်းလို့ရပြီ။ သုံး​လေးလ​တစ်​ခါ​လောက်​ဘဲ
အကျိတ်​ပြန်​ဖြစ်​လာမလာ
လာစစ်​ရင်​ရပြီ"

Cancerကျိတ်​ဆို​တော့လည်း
ဘယ်​အရှင်း​တော့​  ပျောက်​ပါ့မလဲ။

တစ်​ချိန်​ချိန်​​တော့ ပြန်​ဖြစ်​မှာပါဘဲ။

အသက်​ရှင်​ဖို့  အချိန်​ပိုရတာကိုက
ကျေးဇူးတင်​စရာပါ။

ရတဲ့အချိန်​​လေးမှာ  ကိုယ်​ချစ်​တဲ့သူ​တွေနဲ့
ပျော်​​ပျော်​ရွှင်​ရွှင်​​နေသွားရမယ်​။

အင်း.....​ကျော့အတွက်​က​တော့
လုပ်​​ပေးသင့်​တာ  လုပ်​​ပေးရမယ်​။

မ​ပြောပြလည်းသိပါတယ်​....​ကျော့စိတ်​ထဲ
ဘာ​တွေ​တွေး​နေမလဲဆိုတာ....

ကိုယ်​သတိရလာတာကို​  ကျော့သိတာနဲ့
အရင်​ဆုံး ဘာကိုမှ  ဂရုမစိုက်​ဘဲ 
ရှိသမျှတာဝန်​​တွေ  ပစ်​ချပြီး
လာ​တွေ့မယ်​။

မေးခွန်း​တွေ  တစ်​သီကြီး​မေးပြီး
က​လေးတစ်​​ယောက်​လိုငိုမယ်​။

ပြီးရင်​  ကိုယ်​နဲ့သူ့ခင်​ပွန်းကြား
သူ​ရွေးချယ်​ရခက်​​နေပြန်​လိမ့်​ဦးမယ်​။

သူ​ရွေးချယ်​ရခက်​​နေရင်​  ကိုယ်​ကဘဲ
ကူ​ရွေး​ပေးရမှာ​ပေါ့။

သူနဲ့ကိုယ်​နဲ့က  တစ်​လမ်းစီ​လျောက်​​နေတဲ့
လူနှစ်​​ယောက်​။

ဆုံမှတ်​ဆိုတာ  မရှိနိုင်​​တော့တဲ့  မျဉ်းပြိုင်
နှစ်​​ကြောင်း။

သူငယ်​ချင်းတစ်​​ယောက်​လို   နီးကပ်​နိုင်
ပေမယ့်​  ဘယ်​​တော့မှ  ဆုံစည်းခွင့်​မရှိ​တော့တာကို လက်​မခံချင်​လည်း  လက်​ခံရမယ့်​အမှန်​တရား။

ဘယ်​​တော့  ပြန်​ထွက်​ခွာရမှန်းမသိတဲ့
ကိုယ့်​ကို  တွယ်​တာ​နေမယ့်​အစား
သူ့​ဘေးနားကသူ  နဲ့   သာယာ​ပျော်​ရွှင်​တဲ့
မိသားစုဘဝကို   ပိုင်​ဆိုင်​​စေချင်​တာက
ကိုယ့်​ရဲ့အဖြူ​ရောင်​  အတ္တငယ်​​လေးတစ်​ခု။

Promise me for tomorrowWo Geschichten leben. Entdecke jetzt