Ep 7

2K 171 3
                                    

တက္ကသိုလ်​ဝင်​တန်း​ ဖြေဆိုရန်​ အချိန်​က
နီးသထက်​နီးလာပြီဖြစ်​သည်​။ ​Private study
အတွက်​​ ကျောင်းပင်​ ပိတ်​​ပေးထားသည်​။

သူမ မိမိအတန်း​ရှေ့ လာငိုပြီးသည့်​​နေ့မှစ၍​ကျောင်းမပိတ်​ခင်​​ နေ့အထိ​ နေ့တိုင်းလိုလို
စာကြည့်​တိုက်​တွင်​ စာလုပ်​ရင်း​တွေ့ဖြစ်​ကြသည်​။

ခေါင်းမကြာမကြာ ကိုက်​တတ်​လာသည်​။
တီချိုစိတ်​ပူမည်​စိုး​သော​ကြောင့်​ မ​ပြောဖြစ်​။
မိမိဘာသာ ​ခေါင်းကိုက်​​ပျောက်​ဆေးကို
လမ်းထိပ်​​ ဈေးဆိုင်​မှ ဝယ်​​သောက်​ဖြစ်​သည်​။

ခေါင်းမကြည်​​တော့ စာကလည်းကျက်​မရ။
စာ​မေးပွဲက​ ဖြေရ​တော့မယ်​။ စာ​တွေက
သိပ်​မရ​သေး။

ကြိုးစားပြီး အာရုံထည့်​ကျက်​ရမည်​။ သူမအတွက်
ပေါင်းရမှာကိုပင်​ အရှက်​​ရစေ​သော
ခပ်​တုံးတုံးသူမျိုးမဖြစ်​ချင်​။ အနည်းဆုံး​တော့​အောင်​​အောင်​​ဖြေရမည်​။

စာ​မေးပွဲ​ဖြေ​နေတုန်း​ ကျောင်းမှာ
ခဏတစ်​ဖြုတ်​​တော့ သူမနဲ့​တွေ့ဖြစ်​သည်​။
နောက်​ဆုံး​နေ့ Bio​ဖြေပြီးပါကလည်း
လျောက်​လည်​ရန်​ တိုင်​ပင်​ထားသည်​။

ရှေ့(၅)ဘာသာက​တော့​ အမှတ်​မများရင်​​တောင်
အောင်​မှာ​သေချာသည်​။ မနက်​ဖြန်​တစ်​ရက်​ပြီးပါက စိတ်​ကြိုက်​အမုန်းကဲရမည်​။

စာ​မေးပွဲခန်းထဲတွင်​ Bio​မေးခွန်းကြည့်​လိုက်​​တော့
လွယ်​လွယ်​​လေး​တွေ​ မေးထားသည်​။မိမိလို​ရွေးကျက်​သူ​တောင်​​ တော်​​တော်​များများတိုးသည်​။
သူမဆိုလျင်​ ဂုဏ်​ထူးမလွဲ​ပေ။

စာ​မေးပွဲ​ဖြေ​နေရင်း ရုတ်​တရတ်​​ခေါင်းထိုးကိုက်​လာသည်​။ ​ ချွေးစီး​တွေပင်​ ပျံလာသည်​။စာ​တွေလည်း စဉ်းစားမရ​တော့။

ဖြေထားတာကလည်း​ အောင်​မှတ်​မ​ကျော်​​သေး။ အခန်း​စောင့်​ဆရာမမှ

"အချိန်​​စေ့ဖို့ ၁၅မိနစ်​ဘဲလို​တော့တယ်​"

ဟု​ ဆော်​သြသံအဆုံး လက်​​တွေ​တောင်
တုန်​လာသည်​။ ဆက်​​ရေးသာ​ရေး​နေရသည်​။
ဘာ​ရေး​နေလို့​ ရေး​နေမှန်းမသိ​တော့။

Promise me for tomorrowWhere stories live. Discover now