Ep12

2.1K 169 23
                                    

အထီးကျန်​ခြင်း   စိတ်​နာခြင်း​တွေရဲ့
ထွက်​​ပေါက်​အဖြစ်​  မိမိကို  လိုက်​​နေတဲ့
ဟိန်း​ဇေယျာထက်​ဆိုတဲ့
မိမိနဲ့   အတန်းတူ​  ကောင်​​လေးတစ်​​ယောက်နဲ့
တွဲဖြစ်​​ခဲ့သည်​။

ဟိန်းသည်​   မိမိအ​ပေါ်တွင်​  တကယ်​ကို
ချစ်​ရှာသည်​။  အနွံနာလည်းခံသည်​။
အရာရာတွင်​  မိမိကိုသာ  ဦးစား​ပေးသည်​။

အကယ်​၍  ဆုလာဘ်​နဲ့သာ   အရင်
မ​တွေ့ခဲ့ပါက   ဟိန်းကို   ချစ်​မိ​လောက်​သည်​။

ခုကျ​တော့   ဟိန်းက   ဂရုစိုက်​​ပေး​လေ
ဆုလာဘ်​ကို   ပိုသတိရ​လေ။

မထင်​မှတ်​ဘဲ   Ocean shopping mallမှာ
ကြယ်​စင်​တို့  လရိပ်​တို့နဲ့   ဆုံကာမှ 
ဆုလာဘ်​အ​ကြောင်း​   မေး​ကာ  ဖုန်းနံပါတ်
တောင်းထားလိုက်​ရသည်​။

အာ့​နောက်​ပိုင်း   ဆုလာဘ်​နဲ့   ကြားထဲက
အထင်​လွဲတာ​တွေ   ပြန်​အဆင်​​ပြေသွားခဲ့သည်​။

ဆုလာဘ်​အ​ပေါ်   ပိုတွယ်​တာလာ​လေ​လေ
ဟိန်းကို  အားနာမိသည်​။

လမ်းခွဲစကား​ပြောမိတိုင်းလည်း 
ယောကျာ်းတန်​မဲ့   မျက်​ရည်​ကျတတ်​တဲ့သူ့ကိုလည်း   မရက်​စက်​နိုင်​ပါ။

ဒွိဟတို့နဲ့   လွန်​ဆွဲ​နေခဲ့သည်​မှာယ​နေ့အထိပင်​။လုံးဝမထင်​မှတ်​ထားသည်​က  ယခု  ဟိန်း
ကိုယ်​တိုင်​လမ်းခွဲ​ပေးခဲ့သည်​။

ဆုလာဘ်နဲ့က ​ရှေ့ဆက်​တိုးရမလား။ဒါမှမဟုတ်​ရင်​ဒီတိုင်း​လေးဘဲရပ်​​နေရမလား။

မိမိရဲ့သိက္ခာ​တွေချနင်းပြီး​လျောက်​ရမယ့်
ဒီလမ်းမှာ ဆုလာဘ်​သာပါမယ်​ဆိုရင်​​တော့ ​လျောက်​ရဲ​ပေမယ့်​ သူက​ကော?

တစ်​​နေ့တစ်​​နေ့​  ဆေးရုံမှာ   ​နေ့မအိပ်​ညမနား
အ​ပြေးအလွှား   အလုပ်​လုပ်​​နေရတာနဲ့
ဆုလာဘ်​နဲ့​တောင်​   ဖုန်းမ​ပြောဖြစ်​တာကြာပြီ။

"Hello.....ဆုလာဘ်​လား...."

"Omm....​ပြော....​ကျော့"

စိတ်​ဘဲထင်​​နေလို့လားမသိ။
ဆုလာဘ်​အသံက   အားမရှိတဲ့အသံနဲ့။

Promise me for tomorrowWhere stories live. Discover now