Ep5

2.1K 182 0
                                    


"ဟူး.....​နောက်​ဆုံးတစ်​ခု ပြီး​တော့မယ်
  ပြီး​တော့မယ်​  fighting"   မိမိဘာသာ 
အား​ပေး​နေရသည်​။

ည၂နာရီ​ကျော်​သည်​အထိ   မအိပ်​​သေးဘဲ
ကြယ်​​ခေါက်​​နေရသည်​။

မနက်​ဖြန်​​   ကျော့ရဲ့​မွေး​နေ့ပင်​။
မ​နေ့ကမှ   သူမရဲ့​မွေး​နေ့ကိုသိရသည်​။
မနှစ်​ကလည်း   ​မွေး​နေ့ကိုမ​ပြောပြ။ဘာကို​ဈေးကိုင်​​နေမှန်းမသိ။

နီးမှကပ်​​ပြောတဲ့   အကျိုးဆက်​က​တော့
သူမ​အတွက်​  မွေး​နေ့လက်​​ဆောင်​အဖြစ်
ကြယ်​ကို  ညလုံး​ပေါက်​​ခေါက်​​နေရသည်​။

ပစ္စည်းဝယ်​​ပေးရင်​  ရမှန်းသိသည်​။သို့ရာတွင်​မိမိလက်​ဖြင့်​သာ   လုပ်​ထား​သော  အရာကို​သာ
ပေးချင်​သည်​။  

သူမအတွက်​   တီချိုဆီမှ   မာဖလာထိုးနည်း
သင်​ပြီး   ထိုး​ပေးမလို့ပင်။   နီးမှ   ကပ်​​ပြော​တော့ ထိုး​ပေးဖို့က  မဖြစ်​နိုင်​​တော့။ ​နောက်​နှစ်​မှဘဲ  ထိုး​ပေး​တော့မည်​။

နောက်​ဆုံး   အကြံရလာသည်​က သူမနှင့်
စ​တွေ့​သော​နေ့မှစ၍   ယ​နေ့ထိ   ရက်​တွက်​ကာ ကြယ်​ကို   ရက်​အ​ရေအတွက်​   အတိုင်း
ခေါက်​​ပေးမည်​ဟူ၍ပင်​။

စုစု​ပေါင်းရက်​က  752ရက်​။  ည​နေ
ကျောင်းဆင်းတည်းက   အခန်း​အောင်းကာ 
ခေါက်​​နေသည်​မှာ  ညပင်​​တော်​​တော်​နက်​​နေပြီ။

နောက်​ဆုံး​တော့   အကုန်​လုံး​   ခေါက်​ပြီး
သွား​ချေပြီ။  ​သေ​သေချာချာ
အလှပုလင်းထဲကိုထည့်​။ ဖဲကြိုး​လေး
သေချာချည်​လိုက်​သည်​။

အိပ်​ရာ​ပေါ်တွင်​  လှဲ​နေရင်း ​ တွေးမိ​နေသည်​က

"​ကျော့ ကြိုက်​​တော့ကြိုက်​မှာပါ​လေ။
တန်​ဖိုးကြီးမဟုတ်​လို့များ   မကြိုက်​ဘဲ​နေမလား။
ငါ့​စေတနာကို ​ကျော့နားလည်​မှာပါ​လေ"

-------------------------------------------------------------

"​ကျော့ဒါနင့်​အတွက်​လက်​ဆောင်​"

လွယ်​အိတ်​ထဲမှ  ကြယ်​ဗူး​လေးကို
ထုတ်​​ပေး​တော့   သူမအံ့သြသွားသ​ယောင်​။

Promise me for tomorrowDonde viven las historias. Descúbrelo ahora