Ep10

2K 168 2
                                    

အထပ်ထပ်​​ ပြန်​ကြား​ယောင်​မိ​နေ​သော
ဆရာဝန်​ကြီးရဲ့စကားသံများ......

"Meningiomaက အမှန်​ဆို surgeryလုပ်​ပြီး ကုရင်​​ ပျောက်​နိုင်​ဖို့အများကြီးအလားအလာ
ရှိတယ်​။ ဒါ​ပေမယ့်​ သမီးရဲ့tumourကဖယ်​ရှားဖို့ခက်​တဲ့ ​နေရာမှာရှိ​နေတဲ့အပြင်
cancer​အဖြစ်​ ပြောင်း​နေ​တော့ surgeryလုပ်
မယ်​ဆိုရင်​​ အောင်​မြင်​နိုင်​တဲ့ရာခိုင်​နှုန်းက
တအားနည်းတယ်​။ အောင်​​တော့လည်း
အောင်​မြင်​နိုင်​တယ်​။ ဒါက​တော့သမီးရဲ့
ကိုယ်​ခံအား စိတ်​အားထက်​သန်​မှုနဲ့လည်း
ဆိုင်​တယ်​။ မြန်​မာနိုင်​ငံမှာ​တော့ surgeryလုပ်
မရ​သေးဘူး။ S'poreမှာ သွားကုကြတာ
များတယ်​။ radiation therapy(ဓာတ်​​ရောင်​ခြည်​ကုထုံး)
Chemical drugs​တွေနဲ့​ရောဂါကို
ထိန်းထား​ပေးတာက​တော့ ရန်​ကုန်
ဆေးရုံကြီးမှာရ​နေပြီ........."

ပြတင်း​ပေါက်​ မပိတ်​ထား​သော​ကြောင့်
အပြင်​က​နေ မိုးဖွဲဖွဲ​လေး​တွေက အခန်းထဲ
ထိ​​အောင်​ လာစင်​​နေ​သေးသည်​။

အိမ်​​ရှေ့ပိ​တောက်​ပင်​မှ ပိ​တောက်​ပန်းတို့က​ လေအ​ဝှေ့မှာ ယိမ်းက​နေသ​ယောင်​။

သင်္ကြန်​တွင်းတုန်းက မပွင့်​​သေးဘဲ ခုမှ
ပွင့်​​နေ​သော ထိုပိ​တောက်​ပန်း။

ပိ​တောက်​​တွေ​တောင်​ ရာသီဥတု​တွေ
မမှန်​တာ​ကြောင့်​ အချိန်​မှန်​မပွင့်​ကြ​တော့ဘူးဘဲ။

သို့ရာတွင်​လည်း တစ်​နှစ်​တွင်​ တစ်​ခါသာ
ဖူးပွင့်​မြဲ။ ပိ​တောက်​တို့ရဲ့သစ္စာခိုင်​မြဲဆဲ။

မြင်​မြင်​သမျှကို​ငေးရင်း​ရောက်​တတ်​ရာရာကို​တွေးရတာလည်း အနှစ်​သာရတစ်​မျိုးဘဲ။
ဘာ​တွေနဲ့များ အရင်​က အချိန်​​တွေ ကုန်​​နေမိပါလိမ့်​။

ဆေးရုံ​ပေါ်မှာ​ အောင်​မြင်​ဖို့ မ​သေချာတဲ့
ခွဲစိတ်​မှုအတွက်​နဲ့​တော့ အချိန်​မကုန်​ချင်​​တော့။

တစ်​နှစ်​လား နှစ်​နှစ်​လား သိပ်​မ​သေချာ
တော့တဲ့​နေ့​တွေမှာ မိသားစုနဲ့အတူတူဘဲ
အချိန်​​တွေကို ကုန်​ဆုံးချင်​တယ်​။

Promise me for tomorrowWhere stories live. Discover now