Ep 9

2K 170 2
                                    

Meningiomaဆိုတဲ့ ဦး​နှောက်​အ​မြှေးပါးမှာ
ဖြစ်​တဲ့အကျိတ်​ ဆိုဘဲ။ ပုံမှန်​ဆို ထို​ရောဂါက ကုသလို့ရ​ပေမယ့်​ မိမိအကျိတ်​က​တော့ အဖြစ်
နည်းလှစွာ​သော cancer​အဖြစ်​သို့
ပြောင်းသွားခဲ့ပြီတဲ့။

ပုံမှန်​အကျိတ်​ဆိုလျှင်​ အမြစ်​ပြတ်​ကုလို့ရ​ပေမယ့်
အခုလိုအချိန်​အ​နေမျိုးက​တော့ ကြုံ​တောင့်​ကြုံခဲဖြစ်​လို့ ပြန်​​ကောင်းလာနိုင်​​ချေရှိမရှိ
မည်​သူမှမခန့်​မှန်းနိုင်​​ပေ။

ထိုအကျိတ်​ဖြစ်​လာရခြင်းဟာ မျိုးရိုးလိုက်​၍ဖြစ်​လာရခြင်းလည်းမဟုတ်​။ ထို​ရောဂါရဲ့ အဓိကအ​ကြောင်းက  ​ခေါင်းကွဲဖူးခြင်း​ကြောင့်
ပင်​။နဂိုတည်းက​  ခေါင်းကိုက်​တတ်​​သောအခံ
ရှိ​တော့ပိုဆိုးသည်​။

ထို​ခေါင်းကွဲရခြင်း၏​  နောက်​ကွယ်​တွင်
သူမနဲ့လှပ​​သော  အတိတ်​အမှတ်​တရ
တို့ရှိ​နေဖူးသည်​။

ခါးသီး​သော  ထို​ရောဂါ၏   ​နောက်​ကွယ်
အ​ကြောင်းတရားမှာ လှပ​တော့  အတိတ်
ဖြစ်​မယ်​မထင်​ထားခဲ့။

ထို​နေ့က.......

သူမ  ထီလာကို ​ကျောင်းပိတ်​တုန်း
မိမိ​ဆီလာလည်​​သော​နေ့ ဒုတိယ​မြောက်​​နေ့။ သူမနဲ့မိမိ ​  လျောက်လည်​ဖို့   စီစဉ်​ထားတုန်း......​ကျောင်းမှ  majorတူ
သူငယ်​ချင်း သဇင်​နွယ်​နဲ့ သစ္စာလင်းတို့နှစ်​​ယောက်
ကောင်းမှုဖြင့်​ မြို့​တောင်​ဘက်​နားရှိ သဖန်းရွာ​လေးသို့ ​​ရောက်​ရှိခဲ့ရသည်​။

သူမလည်း  မိမိနှင့်​အတူ လုပ်​အား​ပေးလိုက်​လုပ်​ခဲ့သည်​။  ရွာသူရွာသားများကို စာ​ရေးစာဖတ်​တတ်​​စေရန်​   မိမိတို့လို​  ခေတ်​ပညာတတ်​လူငယ်​များ
စု​ပေါင်းကာ သင်​​ပေးကြခြင်း အစီအစဉ်​​လေးပင်​ဖြစ်​သည်​။

လူများများစားစား​တော့မဟုတ်​....​ကျောင်း
က   သူငယ်​ချင်း၈ယောက်​နဲ့  မိမိ​ကော
သူမပါ  အပါအဝင်​   ၁၀​ယောက်​သာရှိသည်​။

သဖန်းရွာ​လေးသည်​ မိတ္ထီလာမြို့နဲ့ အတန်​ငယ်
နီး​သော်​လည်း ပညာဘက်​သို့ဦးစား​ပေးတတ်​သည်​မဟုတ်​။ ​တောင်​ယာလုပ်​ခြင်းဖြင့်​သာ အသက်​​မွေးဝမ်း​ကြောင်းပြုကြသည်​။

Promise me for tomorrowحيث تعيش القصص. اكتشف الآن