Ep11
2K 175 5
မင်္ဂလာခန်းမထဲမှာ   အသိ​တွေကို
အပြုံးနဲ့   လိုက်​လံနှုတ်​ဆက်​နေရ​သော်​လည်း
ကိုယ့်​နှလုံးသားနာကျင်​​နေမှုကို
ကိုယ်​သာသိသည်​။
နောက်​ဆုံးအချိန်​အထိ   သူမဘက်​မှ
ငယ်​ငယ်​တုန်းကလို    မိမိသူများ​တွေနဲ့
တရင်းတနှီး​နေလျှင်​  "You are mine"လို့​ပြောပြီး  ဆွဲ​ခေါ်ထုတ်​​မလား​    မျှော်​လင့်​​နေဆဲ။
သို့ရာတွင်​   အသက်​မပါသလို
တွေ​တွေကြီး​   တွေး​နေ​ငေး​နေ​သောသူမ။
အရာရာ​နောက်​ကျသွားခဲ့ပြီလား။
ထာဝရဝေးရပြီလား။
ဒီမင်္ဂလာပွဲပြီးတာနဲ့  မိမိမှာဆိုင်​သူရှိသွားပြီ။
အရွဲ့တိုက်​ချင်​စိတ်​တစ်​ခုတည်းနဲ့
ဖြစ်​တည်​လာ​သော   ဒီမင်္ဂလာပွဲ။
သူမကိုနာကျင်​​စေချင်​​သောစိတ်​နဲ့
စတင်​ခဲ့​သော်​လည်း   ယခုအခါ
နာကျင်​​နေရသူမှာ   မိမိကိုယ်​တိုင်​ပင်​။
အများအမြင်​တွင်​   သူမကသာ
မိမိကို   အမြဲတ​စေအနိုင်​​ပေးသည်
ဖြစ်​​သော်​လည်း   အမှန်​တွင်
မိမိမှာ   မိမိအချစ်​​တွေဖြင့်​  သူမထံ
ကျရှုံး​နေခဲ့ပြီးဖြစ်​သည်​။
ဘယ်​တုန်းက   ဒီချစ်​ခြင်း​တွေက
ပေါက်​ဖွားခဲ့လည်းဆိုတာမသိ။
၅တန်းစတက်​တုန်းက  မအူမလည်​ဖြစ်​​နေ​သောမိမိကို ​  နွေး​ထွေးစွာ  ကြိုဆိုခဲ့​သောသူမ။  ထိုအချိန်​တည်းက  သူမအ​ပေါ်
တွယ်​တာခဲ့ရသည်​။ 
သို့ရာတွင်​ဖြူစင်​​နေဆဲ။
တစ်​ရက်​   ဆရာမက   အိမ်​စာမပြီးတဲ့သူ​တွေကို မတ်​တပ်​ရပ်​ခိုင်းပြီး  အပြစ်​​ပေး​သော​နေ့။
တစ်​ခန်းလုံးတွင်​   မိမိတစ်​​ယောက်​တည်းသာ
အိမ်​စာမပြီး​သေးသဖြင့်​   မတ်​တပ်​ရရမည်​ကို သူမကပါ   အိမ်​စာမပြီးချင်​​ယောင်​​ဆောင်​၍ အတူတူ   အပြစ်​​ပေးခံခဲ့သည်​။
ထိုအပြုအမူက​နေတစ်​ဆင့်
မိမိနှလုံးသားထဲသို့   သူမ
မသိမသာမှ   သိသိသာသာ
ဝင်​​ရောက်​လာခဲ့သည်​။
သူမ   မိမိအ​ပေါ်   ဘယ်​​လောက်​သည်းခံ
နိုင်​သလဲစမ်းသပ်​သည့်​အ​နေဖြင့်
Promise me for tomorrowWhere stories live. Discover now