Ep3

2.4K 184 3
                                    

သူမနှင့်​ပတ်​သတ်​​သော အမှတ်​တမဲ့
ဖြစ်​ရပ်​တိုင်းဟာ  မိမိအတွက်​​တော့
အမှတ်​တရများပင်​။

မိမိအ​ပေါ်တွင်​ နွဲ့ဆိုးဆိုးလှ​သောသူမ။
အနိုင်​ယူတတ်​​သောသူမ။ သို့ရာတွင်​ မိမိ
အခင်​တွယ်​ရဆုံးသည်​လည်း သူမသာ။

ငယ်​​ပေါင်း ကြယ်​စင်​နှင့်​လရိပ်​တို့ထက်
သူမကို ပိုခင်​တွယ်​မိသည်​မှာ ၆တန်းနှစ်​တွင်​အခြားသူများနှင့်​ အခန်းကွဲသွားကာ သူမနှင့်
အခန်းအတူတူကျခြင်း​ကြောင့်​ ဖြစ်​မည်​ဟုသာ ထင်​ခဲ့မိဖူးသည်​။

အခန်းမတူ​သော ကြယ်​စင်​နှင့်​လရိပ်​တို့ထက်​သူမနဲ့သာ သွားအတူ စားအတူ အမြဲတစ်​တွဲတွဲ ဖြစ်​​နေတတ်​သည်​။

၆တန်း(B)ရဲ့ ဝင်​ဝင်​ချင်း ​ဘေးစွန်းတန်း​ရှေ့ဆုံးခုံတွင်​ အမြဲပူးကပ်​ကာ တွတ်​ထိုး​နေသူများကို​ တွေ့မိပါက ထိုသူများသည်​ဆုလာဘ်​သီရိနိုင်​နှင့်​​ ကျော့ချယ်​ရီဝိုင်​ပင်
ဖြစ်​လိမ့်​မည်​။

အမြဲတစ်​တွဲတွဲ​နေ၍လားမသိ။
သူမဘာကိုကြိုက်​သည်​။ သူမဘာကိုမုန်းသည်​။
သူမမိသားစုအ​ကြောင်း​ကိုလည်း
သေချာသိလာရသည်​။

သူမတို့မိသားစုမှာ ​​အေးချမ်းလှသည်​။
တစ်​ဦးတည်း​သော သမီးဖြစ်​သူပီပီ အလွန်​ဆိုးသည်။ အ​မေ​ကော အ​ဖေ​ကောမှာ
ကျောင်းဆရာ ဆရာမများပင်​ဖြစ်​သည်​။

သို့ရာတွင်​ သူမ၏ဘိုးဘွားများအ​မွေ​ကြောင့်​အတန်​အသင့်​ချမ်းသာသည်​။

သူမသည်​ စာလည်း​တော်​သည်​။အတန်​ငယ်
အပျင်းကြီးရုံသာ။ မိမိက​တော့ စာလိုက်​နိုင်​ရုံပင်​။
သူမလိုဥာဏ်​မ​ကောင်း။

သူမသည်​ သိပ်​စိတ်​ကူးယဉ်​ဆန်​သည်​။
ပေါက်​ကရဇာတ်​လမ်းများပင်​​ ရေးကာ မိမိအား ဖတ်​ခိုင်းတတ်​​သေးသည်​။

မဖတ်​ပါကလည်း စိတ်​ဆိုးတတ်​​သေးသည်​။
ဖတ်​ပြီးရုံနှင့်​လည်း မပြီးတတ်​​သေး။
စာပြန်​​မေးသလို​ မေးတတ်​​သေးသည်​။

ထိုနှစ်​တွင်​ ကျွန်​မအတွက်​ အမှတ်​တရအဖြစ်​မိဆုံး​ နေ့​လေးမှာ......

Promise me for tomorrowWhere stories live. Discover now