Ep14

2.3K 188 30
                                    

ိကိုယ်​  သိပ်​အသည်းယားခဲ့ရတဲ့ 
ပါး​ဖောင်း​ဖောင်း​လေး​တွေက   ခု​တော့
သွေး​ရောင်​နည်းပြီး   ဖျော့​တော့​နေတယ်

ကိုယ့်​ကိုမြင်​တိုင်း   ပြုံးပြတတ်​တဲ့   သူ့ပါးပြင်​​ပေါ်က   ပါးချိုင့်​​လေး​တွေလည်း
မမြင်​ရတာကြာပြီ...

တစ်​တူတူ   မြည်​​နေတဲ့  စက်​သံ​တွေရယ်
ဒီအခန်းငယ်​ရယ်​ ငြိမ်​သက်​စွာ  အိပ်​​မောကြ​          နေတဲ့သူရယ်

တစ်​လ.....တစ်​လဆိုတဲ့အချိန်​က....ငါ့ကို
အပြစ်​​ပေးဖို့အတွက်​   လုံ​လောက်​​နေပြီ
မထင်​ဘူးလား....

ဒီထက်​ပိုပြီး   ငါ့ကိုရူးမသွား​စေချင်​ရင်
အမြန်​နိုးထလာ​တော့......

ခွဲစိတ်​မှု​အောင်​မြင်​​ပေမယ့်​   comaဝင်​သွားခဲ့
တာက   အသက်​ရှင်​ချင်​စိတ်
နည်း​နေလို့ဆိုလားဘဲ....

နင်​  တစ်​ကယ်​ပြတ်​သားတယ်​  ဆုလာဘ်​.....
အကုန်​လုံးကို  ထားခဲ့နိုင်​တယ်​....

"​ကျော့....ကိုယ်​တို့ပြန်​ကြရ​အောင်​​လေ....."

ဘယ်​တုန်းက  ​ရောက်​​နေမှန်းမသိ​သော
ဟိန်းရဲ့အသံကြားမှ   သတိပြန်​ဝင်​လာ
တော့သည်​။

"ဆုလာဘ်​အန်​တီတို့​  ရောက်​လာမှ....
ပြန်​ရ​အောင်​​လေ....​စော​စောက​ရောက်
တော့မယ်​လို့်​​တော့   ဖုန်းဆက်​တယ်​"

"Omm.....အာ့ဆို  ကိုယ်​​​ဆေးရုံ​ရှေ့မှာ
စောင့်​​နေမယ်​​နော်​...."

"Omm"

ဟိန်း......သူက  ကိုယ့်​အ​ပေါ်မှာ​  ပြောပြမတတ်​​အောင်​  နားလည်​​ပေးနိုင်​တယ်​.....

မင်္ဂလာပွဲ​နေ့က   ကိုယ်​​သွေးရူး​သွေးတန်းနဲ့​ဆေးရုံလိုက်​သွား​တော့လည်း...​နောက်​ပိုင်းကိစ္စ​တွေ  အဆင်​​ပြေ​အောင်​  ကြည့်​ရှင်း​ပေးထား
တယ်

S'poreမှာ  ဆုလာဘ်​   emergencyခွဲရ​တော့
ကိုယ်​လိုက်​သွား​တော့လည်း​  ဘေးနားမှာ
ကိုယ့်​ကို  အား​ပေး​နေခဲ့တယ်

ခုရန်​ကုန်​​ဆေးရုံကို​  ပြောင်းလာ​တော့
လည်း.....  သူအားရင်​  သူပါလိုက်​ခဲ့​ပေးတယ်​.....

Promise me for tomorrowWhere stories live. Discover now