Ep 6

2K 179 4
                                    

အချိန်​​တွေသာ  ကုန်​ဆုံးသွားသည်​။  သူမကို
ချစ်​သော  အချစ်​တို့က  ကုန်​ဆုံးသွားသည်​မရှိ။  ပိုတိုး၍ပင်​  ချစ်​လာသည်​။

အရွယ်​​ရောက်​လာသည်​နှင့်​အမျှ   လှပလာ​သောသူမ။  စာကလည်း​တော်​​တော့   သူမကို
ကြိုက်​တဲ့​ကောင်​​လေး​တွေက
လက်​ဆယ်​​ချောင်း​တောင်​​ကျော်​သည်​။

ထင်​သ​လောက်​​တော့  သိပ်​သဝန်မတိုရ။
သူမဆိုသည်​မှာ  ထို​ကောင်​​လေးတွေကို
ပင်​မ​ပြောနှင့်​။  မိန်းက​လေး​တွေကို​တောင်
သိပ်​အဖက်​မလုပ်။

သူမ  အမြဲ​ပြော​လေ့ရှိတာ​တော့ သူမ
အခုလို  အ​ပေါင်းအသင်းနည်းတာ  မိမိ​ကြောင့်​တဲ့။ သူတို့က  အ​ပေါ်ယံသာခင်​ပြီး သူမအနွံနာကို 
မိမိ​လောက်​ မခံ​ပေးလို့တဲ့။

ငါ့​လောက်​​တော့  ဘယ်​အနွံနာခံနိုင်​မလဲ။ နင်​ကိုက  ဆိုးတာလို့​  ပြောမိပါက အထုခံရမည်​မလွဲ။
ခေါင်းပင်​ကျိန်းသည်​။

အရင်​လို  အခန်းမတူ​တော့ ​ကျောင်းဆင်းချိန်​​လောက်​သာ  ​တွေ့ရသည်​။သူမလည်း​တော်​​တော်​အ​နေတည်​သွားသည်​။

မိမိအတင်းသွား​ခေါ်မှသာ  အတန်းအပြင်​ထွက်​သည်။  ​မိမိနှင့်​​တွေ့မှသာ  အရင်​လို  ငဆိုးမ​လေးပြန်​ဖြစ်​သွားသည်​။

သူမအချစ်​ဆုံးမှာ  မိမိဖြစ်​ကြောင်း 
လူတိုင်းသိသလို   မိမိအချစ်​ဆုံးမှာလည်း
သူမဖြစ်​သည်​။  ယခုလိုအချစ်​ဆုံးသူငယ်​ချင်း
အ​နေဖြင့်​လည်း​  နေ​ပျော်​ပါသည်​။

တစ်​ခါတစ်​ရံ စာ​လေး​တွေ​ရေးကာ ​ပေးဖြစ်​သည်​။
စိတ်​လည်း  မကြာခဏ​ကောက်​ကြသည်​။
မ​နေနိုင်​တဲ့  မိမိကဘဲ စချော့ကာ
အဆင်ပြေသွားသည်​က များသည်​။

အမှန်​​တော့  သူမကဆိုးသာဆိုးသည်​။မိမိကို​တော့
ဂရုစိုက်​ပါသည်​။  တစ်​ခါက ကာယချိန်​တွင်​ မိမိ
နှာ​ခေါင်း​သွေးယို​တော့  ချက်​ချင်းပင်
သူမအ​ပေါ်ထပ်​ အ​နွေးထည်​ပါး​လေး  ချွတ်​ကာ မိမိအားသုတ်​​ပေးသူ။

မိမိနှင့်​အတူ သူမလည်းကာယချိန်​လိုက်​မတတ်​​တော့ဘဲ အခန်းထဲတွင်​​နေကာ မိမိအားဂရုစိုက်​​ပေးသူ။

Promise me for tomorrowWhere stories live. Discover now