Ep13

2.3K 198 17
                                    

နင်​မသိနိုင်​ပါဘူး နင့်​​ရှေ့မှာ ဟန်​​ဆောင်​ပြီး
ပြုံး​နေရ​ပေမယ့်​ နှလုံးသားတစ်​ခုလုံး
နာကျင်​​နေရတဲ့ ခံစားချက်​ကို

နင်​မမြင်​နိုင်​ပါဘူး နင်​မရှိတဲ့ နိုင်​ငံရပ်​ခြားမှာ​ရောဂါကို အံတုရင်း​ သေမတတ်​လွမ်း​နေတဲ့
ငါ့ကို

နင်​နားမလည်​ပါဘူး တစ်​ဖြည်းဖြည်းနဲ့
မေ့​ပျောက်​လာတဲ့ ငါတို့ရဲ့အမှတ်​တရ​တွေကို
မ​မေ့ခင်​တည်းက ကြိုချ​ရေးထားပြီး
နေ့တိုင်းပြန်​ဖတ်​​နေတဲ့ငါ့ကို

အရာရာတိုင်းက အဆင်​​ပြေ​နေခဲ့ပါတယ်

တစ်​ခါတစ်​ရံ​ ရောဂါ​ကြောင့်​ နာကျင်​ရတဲ့
ဒဏ်​ရယ်

ဖေ​ဖေနဲ့တီချိုတို့ရဲ့ မျက်​ရည်​​တွေကို
စိတ်​မ​ကောင်းဖြစ်​စွာ ကြည့်​​နေရတာရယ်

နင့်​ကို​ တွေ့ချင်​မိတာရယ်​ကလွဲရင်​​ပေါ့.......

တစ်​​နေ့တစ်​​နေ့ အခန်းထဲမှာ ​ဆေးနံ့​တွေနဲ့
မွန်းကျပ်​လွန်းလို့​ ဆေးရုံ​ခေါင်​မိုး​ပေါ်
တက်​လာခဲ့မိတယ်​။

နေသာတဲ့​နေ့​လေး တစ်​​နေ့​ပါ့လား။ အ​ပေါ်ဆုံး
ထပ်​ဆို​တော့ ပတ်​ဝန်းကျင်​က တိတ်​ဆိတ်​​နေတယ်​။

လေညင်း​လေး​တွေက တစ်​သုန်​သုန်
တိုက်​ခတ်​​နေ​ပေမယ့်​ ​နေ​ရောင်​​နွေး​နွေး​ကြောင့်​ ​အေးစိမ့်​​​မှုကိုမခံစားရ။

ဒီလိုသဘာဝ အလှအပ​တွေကို မခံစားရတာကြာပြီဘဲ။

ခံစားရဖို့အတွက်​လည်း အချိန်​သိပ်​မကျန်​​လောက်​​တော့ဘူးဘဲ။

"So this may be true.....that I can't
live without you
May be two better than one....."
သူ့အတွက်​ သီးသန့်​ထားထားတဲ့
ringtoneသံ​ကြောင့်​ အိပ်​ကပ်​ထဲက​နေ
ဖုန်းထုတ်​ကိုင်​မိတယ်​။

ဘာအ​ကြောင်း​ကြောင့်​ ဖုန်းဆက်​တာလဲ
မသိ။ မိမိS' pore​ရောက်​ကတည်းက​နေ
ခုထိကိုယ်​လည်း ဖုန်းမဆက်​ခဲ့သလို
သူလည်းမဆက်​ခဲ့။

"Hello​ကျော့.....​ပြော​လေ"

"နင်​ဒီတစ်​ပတ်​...စ​နေ​နေ့အားလား.....အာ့​နေ့ငါ့မင်္ဂလာ​ဆောင်​....နင်​လာမှာမလား"

Promise me for tomorrowKde žijí příběhy. Začni objevovat