Zawgyi
"Hoseok အိမ်ရှေ့မှာ ကားရပ်သံကြားတယ် Kim တို့ ရောက်လာကြပြီးထင်တယ်.....''
ဧည့်ခန်းမှာ ထိုင်နေရင်းမှ အစ်ကိုဖြစ်သူ အပြောကြောင့် အိမ်အပြင်ဘက်ကို လှမ်းမျှော်ကြည့်လိုက်တော့ အနက်ရောင် Mercedes Car တစ်စီး။
"ဟုတ်တယ် Hyung ရောက်လာကြပြီ.....''
"မင်းတူမနိုးသေးဘူးလား....''
"မနိုးသေးဘူး Hyung ညက ဂိမ်းဆော့ပြီး အိပ်တာနောက်ကျတယ်ထင်တယ်...ခုဏက ကျွန်တော် သွားကြည့်တော့ မနိုးသေးဘူး အိပ်နေတုန်းပဲ..... ''
Jung Mu က မျက်မှောင်ကြုံ့လိုက်ရင်း.....
"မင်းလည်း မင်းတူကို ကြပ်ကြပ် အလိုလိုက်....အဲ့ကလေး အဲ့ဒါကြောင့် ဆိုးနေတာ......''
"Hyung ကလည်း ကလေးကငယ်သေးတာကို.....''
"ဘာငယ်သေးတာလဲ....မဖြစ်ဘူး Tae Hyung နဲ့ မြန်မြန်လက်ထပ်ပေးမှ....လာ ဧည့်သည်တွေ သွားခေါ်ရအောင်.....''
"Nae Hyung....''
ဧည့်ခန်းထဲဝင်လာကြတော့ Tae Hyung တို့မိသားစုက တစ်ဖက်မှာ ထိုင်ပြီး Hoseok နှင် Jung Mu က တစ်ဖက်မှာ ထိုင်ကြသည်။
Jung Mu ကစကားစလိုက်ရင်း....
"Tae တောင် ဒီအရွယ်ရောက်ပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးဖြစ်နေပြီဆို....အင်းလေ ငါတို့ မတွေ့ကြတာ ဆယ်နှစ်တောင် ကျော်ပြီပဲ.....''
"Nae Arjushi Jeon နေကောင်းတယ်မှတ်လား.....''
"ကောင်းပါ့ဗျာ....''
Jung Mu က ပြုံးရင်း ပြန်ပြောသည်။ Tae Hyung ရဲ့ Omma ကတော့ အိမ်ထဲကို မျက်လုံးဝေ့ကြည့်လိုက်ရင်း....
"Kookie လေးရော မတွေ့ပါလား....''
ထိုအခါ Hoseok ကပြုံးလျှက်.....
"ဘယ်တွေ့မလဲ Nuna ရဲ့ အဲ့ကလေး အခုထိ အိပ်ယာ မထသေးဘူး....''
"ဟယ်ဟုတ်လား...ငါက Kookie ကိုတွေချင်လို့ လာတာနော် မတွေ့ရရင် မပြန်ဘူး...''
သဲသဲလှုပ်ဖြစ်နေတဲ့ အမေဖြစ်သူကိုကြည့်ပြီး Tae Hyung က ရယ်သည်။
Jung Mu က Hoseok ကို လှမ်းကြည့်လိုက်ရင်း....
"Hoseok အပေါ်ထပ်က မင်းတူကို သွားနိုးလိုက်....''
YOU ARE READING
Char Tate (Completed)
Fanfictiontaekook&vkook (yaoi) ❤Kim Tae Hyung ❤Jeon Jung Kook Please enjoy my taekook fic I love you all my lovely readers Created by Kyallay Start - 16 January 2018 End - 6/December /2018