nighteen

8.5K 736 76
                                    

Zawgyi



''Hoseokieee.....''

အသံစာစာလေးနှင့် နောက်ကနေ သူ့ခါးကို လာဖတ်တဲ့ လက်သေးသေးလေးကြောင့် ဆေးလက်စ ပန်ကန်ကို အပြီးသတ်လိုက်ရသည်။

''Hoseokie လို့....''

''ကဲပြော အိမ်လာလည်တယ်ဆိုတော့ Sanchoon ကို သတိရလို့လား Appa ကို သတိရလို့လား ဒါမှမဟုတ် တစ်ခုခုလိုချင်လို့လား မှန်မှန်ပြော.....''

သူလှည့်ပြောလိုက်တော့ သွားလေးဖြဲကာ ရယ်ပြပြတဲ့ တူတော်မောင် ဂြိုလ်သားလေ။

ဒါဆိုရင် သေချာနေပါပြီ ဒီကလေး တစ်ခုခုလိုချင်တာ ရှိနေလို့ ဖြစ်ရမယ်။

''Hoseokie....Kookie ဗိုက်ဆာတယ်.....''

ဗိုက်ကလေး ပုတ်ပြရင်း မျက်နှာငယ်လေးနဲ့ ပြောလာတော့ ဦးလေးဖြစ်တဲ့သူကပဲ မနေနိုင်။

''နေအုံး Sanchoon Pasta လုပ်ထားတာရှိတယ် စားလိုက်နော်...''

''Nae.....''

Pasta ကို ပလုပ်ပလောင်းစားနေတဲ့ တူဖြစ်သူကို ကြည့်ပြီး သူ့မှာ ကြည်နူးရပြန်သည်။

''နေပါအုံး Tae Hyung က ဘားမှမကျွေးဘူးလား....''

ရေခွက်ကို လှမ်းပေးရင်း သူမေးလိုက်တော့.....

''ကိုကိုက ဒီနေ့ကုမ္ပဏီမှာ Meeting ရှိလို့ အစောကြီးသွားတယ်....Kookie အိပ်ယာက နိုးတော့ သူတောင်မရှိတော့ဘူး အိမ်မှာက တစ်ယောက်ထဲဆိုတော့ ပျင်းလို့ Hoseokie ဆီကို ထွက်လာတာ....''

''ညနေ Tae Hyung လာခေါ်မှာလား.....''

''Kookie နောက်မှ ဖုန်းဆက်လိုက်မယ်လေ....ပြီတော့ Hiseokie ကိုလည်း ပြောစရာ ရှိလို့....''

''ဘာလိုချင်ပြန်ပြီးလဲ....''

''Arr!! Hoseokie ကလည်း ဘားမှ မလိုချင်ပါဘူး...ဟို Hoseokie ကို Kookie က ဟင်းချက်သင်ခိုင်မလို့....''

''ဘာ!!...."

"ဟုတ်တယ် ကိုကို့ကိုလည်း ချက်ကျွေးချင်လို့....''

''Kookie နော် အရင်ကတော့ မယူချင်ဘူးလေး ဘာလေးနဲ့ အခုတော့ ကိုကို ကိုကိုနဲ့ ပါစပ်ကမချဘူး ဟင်းချက်ကျွေးချင်ရတာနဲ့ဘာနဲ့.....''

''ဟီး Hoseokie ကလည်း သင်ပေးနော်...နော်...နော်လို့...''

ခါကို လာဖတ်ရင်း ပြောလာတဲ့ ချစ်စရာ အမူအရာလေးကြောင့် သူ့မှာ ပျော့ရပြန်သည်။

Char Tate (Completed)Where stories live. Discover now