eighteen

9.3K 796 131
                                    

Zawgyi


မနက်ခင်း အိပ်ယာနိုးလို့ မျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့် ရင်ခွင်ထဲက ချာတိတ်ရဲ့ မျက်နှာနုနုကို ပထမဆုံးမြင်တွေ့ရသည်က သူ့အတွက် ပြီးပြည့်စုံတဲ့ မနက်ခင်းတစ်ခုပင်။

နိုးနေပေမယ့် မထချင်သေးပါ။

ရင်ခွင်ထဲက အကောင်ငယ်လေးကို ဒီအတိုင်းဆက်ပြီး ထွေးပွေ့ထားချင်သေးသည် မဟုတ်ပါလား။

ဒီချာတိတ်လေးကိုဘဲ ချစ်မိပြီး သဲသဲလှုပ်သွားမိတာက ဘာကြောင့်လဲ ဆိုတာကို ကိုယ့်ကိုကိုယ်ပင် အခုထိ အဖြေရှာမရသေးသော ပုစ္ဆာတစ်ခုလိုပင်။

ကြင်နာခြင်းအတိ။

မြတ်နိုးခြင်းဆိုသည်ကို ဖော်ပြ၍ပင်မရ။

နဖူးထက်မှာ ဝဲကျနေသည့် ဆံနွယ်ပျော့ပျော့ကို သပ်တင်ပေးရင်း နဖူးပြင်နုနုကို သူ့နှုတ်ခမ်းတွေနှင့် ဖိကပ်နမ်းရင်း ကိုယ်လုံးသေးသေးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်မိသည်။

''အင့်....''

သူ့ရဲ့ ခပ်တင်းတင်းလေး ဖက်လိုက်မှုကြောင့် ရင်ခွင်ထဲက ချာတိတ်က လူးလွန့်ရင်းမှ မျက်လုံးလေးတွေပွင့်လာခဲ့သည်။

''ချာတိတ် နိုးပြီလား....''

''ကိုကို....''

ရင်ခွင်ထဲကနေ သူ့ကိုမော့ကြည့်ပြီး ခေါ်လိုက်တဲ့ အသံချိုချိုလေးက သူ့အတွက်တော့ ဘယ်သောအခါမှ ရိုးအီသွားခြင်း မရှိခဲ့ပေ။

ဖောင်းအစ်အစ်လေး ဖြစ်နေသည့် မျက်ခွံလေးတွေနှင့် ပန်းသွေးရောင် နီရဲရဲနှုတ်ခမ်းပါးတစ်စုံကို ပိုင်ဆိုင်ထားသည့် ချာတိတ်က သူ့အတွက်တော့ မြတ်နိုး ချစ်မဝနိုင်တဲ့ လူသားတစ်ယောက်။

''ကိုကိုလို့...''

''ဗျာ...''

''ခေါ်နေတာကို မထူးဘဲနဲ့ ဘာဖြစ်လို့ လူကိုပဲ စိုက်ကြည့်နေရတာလဲ....''

နှုတ်ခမ်းရဲရဲက ရှေ့ကိုစူထွက်လာကာ သူ့ကို ရင်ခွင်ထဲကနေ စိတ်မရှည်သလို မော့ကြည့်ရင်းပြောလာတဲ့ အနှီးလူသားငယ်လေ....

''စဉ်းစားနေတာ....''

''ဘာတွေစဉ်းစားနေတာလဲ...ကိုကိုနော် ကျွန်တော့်ကို ဘေးမှာထားပြီး ရည်းစားဟောင်းအကြောင်းကို တွေးနေတာလား....''

Char Tate (Completed)Where stories live. Discover now